အရည်အချင်း

အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ကျော်လွှားနေမှသာ အရည်အချင်း ပိုထွက်တယ်။ အရည်အချင်းတွေ၊ အကြံဉာဏ်တွေ၊ ဖြေရှင်းနည်းတွေ၊ ခံနိုင်စွမ်းတွေ၊ လက်ခံနိုင်စွမ်းတွေ ထွက်လာနေရင် ကိုယ့်ကိုယ်ကိုယ် တစ်နေ့တစ်ခြား တိုးတက်နေတဲ့သူ၊ ရင့်ကျက်နေတဲ့သူ၊ ကိုယ့်အင်အားတွေ ပိုပြီး ကြီးမားအားကောင်းလာတဲ့သူအဖြစ် ခံစားရတယ်။ အရည်အချင်းတွေ တိုးတက်နေမှသာ၊ စိတ်ဓာတ်တွေ ပိုပြီး ရင့်ကျက်လာနေမှသာ သတ္တိရှိတယ်၊ အားရှိတယ်။

လွယ်လွယ်နဲ့ ငွေများများရရုံနဲ့ သတ္တိရှိမလာဘူး၊ အားရှိမလာဘူး။ လွယ်လွယ်နဲ့ရတာ လွယ်လွယ်နဲ့ကုန်သွားနိုင်တယ်။ အဲဒါကို စိုးရိမ်နေရတယ်။ အရည်အချင်းနဲ့ စိတ်ဓာတ်ရင့်ကျက်မှုကသာ သတ္တိကိုပေးတယ်။ ကိုယ့်ခြေထောက်နှစ်ချောင်းပေါ်ကိုယ် မားမားမတ်မတ် ရပ်နိုင်တဲ့သူ ဖြစ်စေနိုင်တယ်။ မိဘဆီက ပစ္စည်းတွေ၊ ရွှေငွေတိုက်တာတွေ ဘယ်လောက်ရရ အရည်အချင်းကောင်း မရှိရင် စိတ်ဓာတ်ရင့်ကျက်မှုမရှိရင် စိတ်အေးမှာ မဟုတ်ဘူး။

အပျော်ဆုံးလူဆိုတာ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ အကောင်းဆုံးထွက်ပေါ်လာအောင် လုပ်နိုင်တဲ့သူဖြစ်တယ်။

ဆရာတော် ဦးဇောတိက ရေးသားသော တစိမ့်စိမ့်တွေးမယ် သိစရာတွေးစရာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts