ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ်
ငါပြိုလဲတဲ့အခါ ထူမတ်ပေးဖို့ ငါရှိတယ်..

ငါလမ်းပျောက်နေတဲ့အခါ လမ်းစပြန်ရှာဖို့ ငါရှိတယ်..

ငါငိုကြွေးရတဲ့အခါ မျက်ရည်သုတ်ပေးဖို့ ငါရှိတယ်..

ငါမှောင်မိုက်နေတဲ့အခါ အလင်းရဖို့ ငါရှိတယ်..

ငါကြေကွဲရတဲ့အခါ နှစ်သိမ့်ပေးဖို့ ငါရှိတယ်..

ငါသတ်သေချင်တဲ့အခါ တွန်းကန်ရှင်သန့်ဖို့ ငါရှိတယ်..

ငါကောင်းမွန်ရှင်သန်စွာ ရှိနေဖို့ ငါရှိကို ရှိနေရပါမယ်..

“တစ်ယောက်တည်းလျှောက်ခဲ့တဲ့ လမ်းပါပဲ
တစ်နေ့တော့ရောက်မှာပါပဲ။
မရောက်တော့ကော
ယုံကြည်ချက်နဲ့ လျှောက်ခဲ့တဲ့လမ်း
ဘယ်လောက်အရသာရှိပါသလဲ” တဲ့ …
ကဲ…ငါ့အတွက်တော့ ငါကအမြဲတမ်း ရှိနေမှာပဲ မဟုတ်လား။

ဆရာလင်းရောင်စင် ၏ “ငါ့အတွက် ငါရှိတယ်” စာအုပ်မှ ကူးယူဖော်ပြပါသည်။

OpenYourBusinessOnline

Related Posts