hapeye

အမှတ်မထင်ပြုလုပ်နေမိသည့် သွားတိုက်နည်းအမှားများ

“လှပတဲ့အပြုံးပိုင်ရှင်ဖြစ်ဖို့ သွားနဲ့ခံတွင်းကို သန့်ရှင်းစွာ ထားရမယ်ဆိုတာကိုတော့ လူတိုင်း သိရှိနားလည်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ သွားတိုက်နေစဉ်မှာ သတိမထားမိလိုက်ဘဲ အမှားတွေပြုလုပ်မိနေတဲ့အတွက် နည်းလမ်းမှန်ကန်စွာ သွားတိုက်နိုင်အောင် သွားတိုက်နည်းအမှား၁၀ခုကို ဖော်ပြပေးလိုက်ပါတယ်။”


(၁) လျှင်မြန်စွာ သွားတိုက်ခြင်း


အိပ်ရာမှ ထတာနောက်ကျတာကြောင့် အချိန်မှီ လုပ်ငန်းခွင်ကိုရောက်ရှိနိုင်ဖို့အတွက် သွားမြန်မြန်တိုက်တဲ့အကျင့်ကတော့ မကောင်းလှပါဘူး။ သွားတစ်ခါ တိုက်တိုင်း သွားနဲ့ ခံတွင်းထဲမှ အညစ်အကြေးတွေ အကုန်သန့်စင်အောင် နှစ်မိနှစ် သုံးမိနစ်ခန့် အချိန်ယူပြီးသွားတိုက်ရပါမယ်။ များသောအားဖြင့် လူတွေရဲ့ သွားတိုက်ချိန်ဟာ စက္ကန့် ၄၀ သာ ကြာလေ့ရှိတက်ကြပါတယ်။


(၂) ကြမ်းတမ်းစွာ သွားတိုက်ခြင်း


သွားထဲမှ အညစ်အကြေးတွေ သန့်စင်ဖို့ သွားတိုက်ရာမှာ ဖိအားအနည်းငယ်သာ ပေးသင့်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်းသွားတိုက်တာက သွားဖုံးမှာ ဒဏ်ရာရရှိသွားနိုင်ပြီး သွားရဲ့ ကြွေသားလွှာကိုပါ ထိခိုက်နိုင်ပါတယ်။ ကြမ်းတမ်းစွာ  သွားတိုက်တာက သွားဖုံးမှာ ဒဏ်ရာရရှိသွားနိုင်ပြီး သွားရဲ့ ကြွေလွှာကိုပါထိခိုက်နိုင်ပါတယ်။ ကြမ်းတမ်းစွာ သွားတိုက်တာကြောင့် သွားပွန်းပဲ့ရာကနေ ဘတ်တီးရီးယား ပိုးတွေ ဝင်ရောက်နိုင်ပြီး သွားပြည်နာရောလည်း ရရှိနိုင်ပါတယ်။


(၃) တစ်နေ့ တစ်ကြိမ်သာ သွားတိုက်ခြင်း


အလုပ်များတဲ့ ဘဝနေထိုင်မှုပုံစံတွေကြောင့် မနက်အိပ်ရာထ တစ်ကြိမ်သာ သွားတိုက်တက်တဲ့အကျင့်က မကောင်းပါဘူး။ ခံတွင်းထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားတွေ တစ်နေ့တာလုံး ရှိနေတတ်တဲ့အတွက် မနက်အိပ်ရာ တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ် အနည်းဆုံး တစ်နေ့နှစ်ကြိမ် သွားတိုက်သင့်ပါတယ်။ဒီလိုသွားတိုက်တာကြောင့် ခံတွင်းမှာရှိတဲ့ ဘတ်တီးရီးယားတွေနဲ့ သွားချေးဖက်တွေ စင်ကြယ်သွားပြီးခံတွင်း သန့်ရှင်းစေနိုင်ပါတယ်။


(၄) မှားယွင်းသော သွားတိုက်တံ အသုံးပြုခြင်း


သွားတိုက်တံမှ အမွေးအမျှင်တွေက မာကျောလွန်းရင် အသုံးမပြုသင့်ပါဘူး။ သွားဖုံးကို ထိခိုက်ဒဏ်ရာရရှိနိုင်ပြီး ရောဂါပိုး ဝင်ရောက်နိုင်တာကြောင့်ပါ။


(၅) သွားတိုက်တံအဟောင်းကိုသာ အသုံးပြုနေခြင်း


သွားတိုက်တံကို သုံးလတစ်ကြိမ် အသစ်တစ်ခု လဲလှယ်ပြီး အသုံးပြုသင့်ပါတယ်။ တစ်နှစ်ကို သွားတိုက်တံ လေးခုအသုံးပြုဖို့အတွက် ကုန်ကျငွေက သွားရောဂါဖြစ်ရင် ကုသဖို့ကုန်ကျစရိတ်ထက် အများကြီး သက်သာနိုင်ပါတယ်။


(၆) သွားတိုက်နည်း မှားယွင်းခြင်း


သွားတိုက်တဲ့အခါ များသောအားဖြင့် သွားနဲ့ထောင့်မှန်ကျကျ တည့်တည့် ကန့်လန့်ဖြတ်တိုက်တက်ကြပါတယ်။ ဒီလိုတိုက်နည်းက သွားရဲ့ ကြွေလွှာကို ထိခိုက်နိုင်ပြီး ဘက်တီးရီးယားတွေ ပိုမိုပွားများစေနိုင်ပါတယ်။ သွားရဲ့ ၄၅ ဒီဂရီခန့် စောင်းပြီး သွားတိုက်ပါမှ သွားနဲ့ သွားဖုံးကြားမှာရှိတဲ့ သွားချေးဖက်တွေနဲ့ အစာဟောင်းတွေကို ကုန်စင်အောင် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။


(၇) သွားတိုက်ရာတွင် ဘေးတိုက်ပွတ်တိုက်ခြင်း


သွားတိုက်ရာမှာ ဘေးတိုက်ပွတ်တိုက်တာ ဒါမှမဟုတ် အပေါ်အောက်တိုက်တဲ့ နည်းလမ်းတွေက သွားရဲ့ကြွေလွှာကို  ထိခိုက်နိုင်ပြီး ဘက်တီးရီးယားတွေ ပိုမိုမျိုးပွားစေနိုင်ပါတယ်။ သွားရဲ့ ၄၅ ဒီဂရီခန့် စောင်းပြီး သွားတိုက်ပါမှ သွားနဲ့ သွားဖုံးကကြားမှာရှိတဲ့ သွားချေးဖက်တွေနဲ့ အစာဟောင်းတွေကို ကုန်စင်အောင် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။


(၈) အပြင်းစားသွားတိုက်ဆေး အသုံးပြုခြင်း


သွားဖြူပြီး တောက်ပစေတယ်ဆိုတဲ့ သွားတိုက်ဆေးအမျိုးအစားတွေကို အသုံးမပြုသင့်ပါဘူး။ ယာယီသာ သွားဖြူနိုင်ပြီး သွားရဲ့ ကြွေလွှာကိုပျက်စီးသွားစေ နိုင်ပါတယ်။


(၉) လျှာကိုပါ သန့်ရှင်းရေးမလုပ်မိခြင်း


တစ်နေ့နှစ်ကြိမ် သွားတိုက်ရာမှာ လျှာကိုပါ သွားပွတ်တံနဲ့ ပွတ်တိုက်ပေးသင့်ပါတယ်။ လျှာပေါ်က ကွဲကြောင်းငယ်လေးတွေက ဘက်တီးရိးယားတွေ ခိုအောင်းနိုင်တဲ့နေရာဖြစ်တဲ့အတွက် လျှာကို သန့်ရှင်းရေး မလုပ်မျရင် ခံတွင်းနံဆိုးတွေ ထွက်လာနိုင်တဲ့အပြင် သွားပါ ပျက်စီးနိုင်ပါတယ်။ သွားတိုက်တိုင်း လျှာကို အရှေ့မှ အနောက်၊ ဘေးနှစ်ဖက်ကို တိုက်ပေးပြီးပါမှ ပလုတ်ကျင်းလိုက်ပါ။ လျှာကို ညင်ညင်သာသာပဲ တိုက်ပေးပါ။


(၁၀) သွားကြားပွတ်ကြိုး အသုံးမပြုခြင်း


သွားသာ တိုက်ပြီး သွားကြာပွတ်ကြိုး အသုံးမပြုတာက သွားကျန်းမာရေး အတွက် မကောင်းမွန်လှပါဘူး။ တစ်နေ့ကို အနည်းဆုံ တစ်ကြိမ် သွားကြားပွတ်ကြိုးအသုံးပြုပြီး သွားပွတ်တံအသုံးပြုလို့ မရနိုင်တဲ့ သွားနှစ်ချောင်းကြားထဲက အညစ်အကြေးတွေကို သန့်စင်ပေးပါ။

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts