အပြုသဘောဆောင်သည့်

အပြုသဘောဆောင်သည့် စကားအသုံးအနှုန်းကို သုံးစွဲခြင်း

အပြုသဘောဆောင်သည့် စကားအသုံးအနှုန်းကို သုံးစွဲခြင်း

သင်၏ စကားအသုံးအနှုန်းသည် သင်၏ အပြုအမူကို ရောင်ပြန်ဟပ်နေသည်သာမက ဩဇာသက်ရောက်မှုလည်း ရှိနေစေသည်။ ထို့ကြောင့် အပြုသဘောဆောင်သော အောင်မြင်မှုဘဝကို ရရှိအောင် သင့်အနေဖြင့် အပြုသဘောဆောင်သည့် စကားလုံးများနှင့် စကားရပ်များကို ရွေးချယ်ကာ အသုံးပြုရပေလိမ့်မည်။ ထို့ကြောင့် မိမိ၏စကားလုံးများကို ပြန်လည်စိစစ်ပါ။ အကယ်၍ လိုအပ်ပါက သင်အသုံးပြုနေသည့် စကားလုံးများကို ပြောင်းလဲပစ်ပါ။

မှန်ကန်သော စကားလုံးများကို ရွေးချယ်ခြင်း

သင် နေ့စဉ်ပုံမှန် သုံးစွဲနေသည့် စကားလုံးများကို အထူးသတိပြုသင့်သည်။ လိုအပ်လာလျှင် သင်က မည်ကဲ့သို့သော အသုံးအနှုန်းများကို သုံးစွဲနေမိကြောင်း အခြားသူများကို မေးကြည့်ပါ။ ထို့နောက် မိမိအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်မှု၊ အပျက်သဘောကိုသာ တွေးတောမိနေမှု သို့မဟုတ် ပြသနာကိုသာ အာရုံစိုက်မိနေမှုတို့၌ သင် ပြောဆိုသုံးစွဲလေ့ရှိသော စကားလုံးကို ဖော်ထုတ်ပါ။ စကားလုံးတိုင်းအတွက် အစားထိုးနိုင်သော အပြုသဘောဆောင်သည့် စကားလုံးများကို ပြုစုပါ။

ထို့နောက် သင့်အနေဖြင့် အပျက်မြင်ဝါကျများကို ပြောနေမိကြောင်း သတိပြုမိသည်နှင့် စကားပြောနေစဉ်မှာပင် ဝါကျမဆုံးခင် ရပ်တန့်ပြီး ပို၍ အပြုသဘောဆောင်သည့် စကားလုံးနှင့် ပြောင်းလဲ၍ ပြောဆိုပါ။ အချိန်ရလာသည် နှင့်အမျှ သင်သည်အပျက်သဘောနှင့် ပြောဆိုနေမှုကို ချက်ချင်းပင် ဖော်ထုတ်နိုင်စွမ်းရှိလာပြီး သင်ပြောနေသည့် စကားကို အလိုအလျောက် ပြင်ဆင်နိုင်စွမ်း ရှိလာပါလိမ့်မည်။

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

OpenYourBusinessOnline

Related Posts