ကမ္ဘာကို

အပြုသဘောဆောင်သည့် ကမ္ဘာကို ဖန်တီးခြင်း

အပြုသဘောဆောင်သည့် ကမ္ဘာကို ဖန်တီးခြင်း

အပြုသဘောဆောင်သည့် တွေးတောမှုကို စတင်ရာ၌ ဖြစ်ရပ်တစ်ခုအား ကိုယ်တွေ့ကြုံရသည့်အခါ၌ သင်သည် ထိုကိစ္စကို မည်သို့မည်ပုံ တွေးတောသည်ဆိုသောအချက်က အဆုံးအဖြတ်ပေးကြောင်း သဘောပေါက်ရန် အလွန်ပင်အရေးကြီးပါ၏။ ဖြစ်ရပ်များသည် ပင်ကိုကပင် ပျော်ရွှင်စရာ သို့မဟုတ် ဝမ်းနည်းစရာ ဖြစ်နေတတ်ကြ၏။ သို့ရာတွင် တကယ်မှာမူ သင်၏တုံ့ပြန်ချက်အရသာ ထိုဖြစ်ရပ်များသည် ကောင်းသည် သို့မဟုတ် ဆိုးသည်ဟု ခံစားရမှု၊ သာယာဖွယ်ကောင်းသည် သို့မဟုတ် နာကျင်ဖွယ်ကောင်းသည်ဆိုသော သင်၏တုံ့ပြန်မှုအပေါ်၌သာ မူတည်နေပေ၏။

အကယ်၍ သင်က ကမ္ဘာကြီးအား မကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ ကိုယ့်ကိုယ်ကိုယ် ဝေဖန်မှုတို့ဖြင့် ရင်ဆိုင်နေပါက သင်၏ဘဝတွင် အပျက်သဘောနှင့်သာ ကြုံတွေ့ခံစားနေရပေလိမ့်မည်။ အကယ်၍ သင်က အကောင်းမြင်မှု၊ စိတ်အားထက်သန်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့နှင့် တုံ့ပြန်မည်ဆိုပါက သင်၏စွမ်းအင်နှင့် အခြားပုဂ္ဂိုလ်များအား စေ့ဆော်မှုပေးနိုင်သော အကောင်းမြင်မှု စက်ဝန်းတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မည်။

ဖြစ်ရပ်များကို တုံ့ပြန်ခြင်း

တင့်မ်ကြောင့် အေမီ၏ပန်းအိုး ကျကွဲသွား၏။ အေမီက အပြုသဘောဆောင်သည့် တုံ့ပြန်မှုဖြင့် ငြင်းခုံမှုကို ရှောင်ရှားပြီး မိတ်မပျက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါ၏။

အချက်အလက်စာတွဲ

၁၉၅၃၊ ၁၉၈၄၊ ၁၉၉၀၊ ၁၉၉၃ နှင့် ၂၀၀၂ တို့၌ ပြုလုပ်ခဲ့သော လေ့လာမှုများက အပြုသဘောဆောင်သည့် တွေးခေါ်စဉ်းစားတတ်သူများသည်  အပျက်သဘောဆောင်သည့် ပုဂ္ဂိုလ်များထက် လူလတ်ပိုင်းအသတ်အရွယ်အထိ ပို၍ ကျန်းကျန်းမာမာရှိကြပြီး သက်မွေးမှုလုပ်ငန်းများ၌ ပို၍ အောင်မြင်ကြကြောင်း ဖော်ပြကြ၏။ ၎င်းတို့အနက် ရာခိုင်နှုန်း ၅၀ ကသာ အလုပ်မှ နှုတ်ထွက်ဖွယ်ရှိ၏။ ၎င်းတို့သည် အစပေါင်း ၃၀ မက ပို၍ ပျော်ရွှင်ကြပြီး ပျှမ်းမျှအသက် ၇ နှစ်ခွဲ ပို၍ အသက်ရှည်ကြ၏။

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline

Related Posts