အပြစ်မပြောပါနဲ့

အောင်မြင်မှုနဲ့ အပြစ်ပြောတာ တခြားစီလို့ စာဖတ်သူ ထင်နိုင်ပါတယ်။ ဒါပေမဲ့ အချို့လူတွေက အခက်အခဲတွေကြုံလာတဲ့အခါ ဘယ်သူ့ကြောင့် ဘာကြောင့်ဆိုပြီး အပြစ်ရှာကြပါတယ်။ ကိုယ်တွေ့ ကြုံရတဲ့ အခက်အခဲနဲ့ ပတ်သတ်ပြီး အပြစ်တွေပြောနေရင် အချိန်ကုန်ရုံသာမက စိတ်ဓာတ်ပါ သေးသိမ်လာပါလိမ့်မယ်။ ရှေ့ကိုတိုးဖို့ ခက်လာပါလိမ့်မယ်။ အခက်အခဲတွေ့တိုင်း အပြစ်ပြောနေမယ့်အစား အခွင့်အရေးလို့ သဘောထားပြီး အခက်အခဲကို ကျော်နိုင်အောင် ဇွဲရှိရှိ ကြိုးစားပါ။

အချိန်ရှိတိုင်း အလိုမကျဖြစ်နေသူ၊ အပြစ်တင်သူအတွက် လူတွေက အချိန်မပေးနိုင်ပါဘူး။
Stephen Hawking

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts