အတွေးလက်ဆောင် (၈၅) ။ ။ လူတချို့က အဝေးက ကြည့်တဲ့အခါ ကြည်ညိုစရာ လေးစားစရာ ဧရာမ ဖြစ်နေတတ်ပါတယ်။ အမည် ဂုဏ်ဒြပ်နဲ့ တကယ့် ပုဂ္ဂိုလ်ကြီးတွေပေါ့ ဒါပေမယ့် အနီးကပ်ပေါင်းကြည့်တော့မှ လူသာကြီး လူကြီးပေါသောတွေ ဖြစ်နေတတ်ပါတယ်။ လာဗွန်တိန်းက အဲဒီလို လူမျိုးတွေကို သရော်ချင်ပုံ ရပါတယ်။
From a distance it is some thing,
and near by it is nothing.
La Fontaine
အဝေးကကြည့်တော့ တစ်စုံတစ်ရာ၊
အနီးကပ်ကြည့်တော့လည်း ဘာမှ မဟုတ်ပြန်ပါ။
လာဗွန်တိမ်း (ပြင်သစ် ကဗျာဆရာ)