အတွေးလက်ဆောင်

အတွေးလက်ဆောင် (၈၄)

အတွေးလက်ဆောင် (၈၄) ။ ။ ရေအိုင်ထဲက ဖားသူငယ်ဟာ သူ့ရဲ့ နွားခြေရာခွက်ထဲက ရေကိုပဲ သမုဒ္ဒရာကြီး ထင်နေတတ်သလို ပညာဉာဏ် သေးသိမ်တဲ့ လူမိုက်လူဖျင်းတွေဟာလည်း သူတို့ သိသမျှ ဉာဏ်ကလေး တစ်မိုက်တစ်ထွာနဲ့ အရာရာကို နှိုင်းချိန်ဝေဖန် တတ်ပါတယ်။ အက်ဒီဆင် လျှပ်စစ်မီးလုံး တီထွင်ဖို့ ကြိုးစားစဉ်ကရော ကိုလံဘတ် ကမ္ဘာသစ်ကို ရှာဖွေဖို့ ခရီးထွက်စဉ်ကရော လူမိုက်လူနုံတွေက မဖြစ်နိုင်ကို ကြံစည်ရမလားလို့ ဝေဖန် ပုတ်ခတ်ခဲ့ကြပါတယ်။ ဘာမှ ကိုယ်တိုင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်သူတွေကသာ လုပ်နိုင်သူတွေကို ကြည့်ပြီး ပြစ်တင် ဝေဖန်လေ့ ရှိပါတယ်။ ဖြစ်မြောက် အောင်မြင်အောင် လုပ်နိုင်သူတွေကတော့ ကိုယ့်အလုပ်မှာပဲ ကိုယ်စိတ်ဝင်စား လုပ်ကိုင်နေရတဲ့အတွက် သူတစ်ပါးကို ကဲ့ရဲ့ ပြစ်တင်ဖို့ အချိန်မပေးနိုင်ကြပါဘူး။

To lough at men of sense

is the privilege of fools.

Jean Dela Bruyere

ကျိုးကြောင်း ဆင်ခြင် တွေးခေါ်တတ်သူတွေအပေါ်
ပြက်ရယ်ပြုတယ်ဆိုတာ၊ လူ့နလပိန်းတုံးတွေရဲ့
အခွင့်အရေးသာ ဖြစ်ပါတယ်။
ယန်ဒီလာ ဘရုရီယို (ပြင်သစ် အက်ဆေးဆရာ)

#OpenYourBusinessOnline

Related Posts