အတွေးလက်ဆောင်

အတွေးလက်ဆောင် (၇၉)

အတွေးလက်ဆောင် (၇၉) ။ ။ တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ ဆိုတဲ့ စကား ရှိပါတယ်။ ဘယ်လောက်ပဲ စွမ်းအား ကြီးမားကြီးမား ဘယ်လောက်ပဲ အားစိုက်အားစိုက် ဆန္ဒစောတိုင်း အဆင်မပြေတတ်ပါဘူး။ မိုးစက်မိုးပေါက်ကလေးတွေ ကျပါများပြီး အိုးတွေခွက်တွေ ပြည့်ရသလိုပါပဲ။ ပုရွက်ဆိတ်တွေ – ခြတွေ နည်းနည်းချင်း ကြိုးပမ်းရင်းက ခြတောင်ပို့တွေ ဖြစ်ရသလိုပါပဲ။ မလျှော့သော ဇွဲ လုံ့လ ဝီရိယနဲ့ စိတ်ရှည်သည်းခံပြီး ကြိုးစားမှုဟာ အရာရာ အောင်မြင်မှာ ဖြစ်ပါတယ်။

Great works are performed

not by strengh, but by perseverance.

Samuel John Son

ကြီးကျယ်မြင့်မြတ်တဲ့ လုပ်ရပ်တွေဆိုတာ
အင်အားသုံးပြီး လုပ်ရတာမျိုး မဟုတ်ဘူး။
ဇွဲ လုံ့လကြောင့်သာ အောင်မြင်ရခြင်း ဖြစ်ပါတယ်။
ဆင်မြူရယ် ဂျွန်ဆင် (အင်္ဂလိပ် ကဗျာဆရာ)

#OpenYourBusinessOnline

Related Posts