အတွေးလက်ဆောင် (၇၈) ။ ။ ‘မရှိတာထက် မသိတာခက်’ ဆိုတဲ့ စကား ရှိပါတယ်။ မရှိတာကို ရှိလာအောင် ရှာဖွေကြိုးစားလို့ ရပါတယ်။ ပေးကမ်းကူညီလို့ ရပါတယ်။ ငွေကြေးချို့တဲ့သူကို လက်တွဲကူပြီး ချမ်းသာအောင် ကြီးပွားအောင် ဖေးမမြှင့်တင်လို့ ရပါတယ်။ ဒါပေမယ့် စိတ်ဓာတ် အောက်တန်းကျနေတဲ့ လူကြီးလူကောင်း ဟန်ဆောင်ထားသူတွေကိုတော့ ဘယ်လိုမှ ပြုပြင်လို့ မရနိုင်ပါဘူး။
The Lack of wealth is easily repaired;
but the poverty of the soul is irreparable.
Montaigne
ပစ္စည်းဥစ္စာချို့တဲ့တာကို အလွယ်တကူ
ပြုပြင်လို့ရပါတယ်၊ စိတ်ဓာတ်သေးသိမ်
ညံ့ဖျင်းမှုကိုတော့ ပြုပြင်လို့ မရနိုင်ပါဘူး။
မွန်တိန်း (ပြင်သစ်ဒဿန ပညာရှင်)