အတွေးလက်ဆောင်

အတွေးလက်ဆောင် (၆၈)

အတွေးလက်ဆောင် (၆၈) ။ ။ ဉာဏ်ပညာ ရှိတဲ့လူဟာ စည်ကြီးနဲ့ တူတာ မတီးဘဲ မမြည်ဘူး၊ တီးမှ မြည်သတဲ့။ ဉာဏ်ပညာ နည်းပါးသူတွေကတော့ သူမမေးဘဲလည်း ပြောတတ်တယ်။ ကိုယ့်ထက် တော်တဲ့ တတ်တဲ့ လူကိုလည်း ကိုယ်က ပြန်ပြီး ဆရာ လုပ်ချင်တတ်တယ်။ နေရာတကာ ငါသိ ငါတတ် လုပ်ချင်တဲ့ လူတွေဟာ တကယ်တော့ သူဘာမှ မသိသေးဘူး ဆိုတာကို ဖော်ပြတာနဲ့ အတူတူပါပဲ။ ဥသြလေးလို သာမလားလို့ အော်တဲ့ ကျီးမိုက်လို အရှက်တကွဲ ဖြစ်တတ်ပါတယ်။ ကြွားစရာ ရှိတဲ့လူဟာ ကြွားစရာ မလိုပါဘူး။ ကြွားစရာ မရှိတဲ့ လူသာ ကြွားဝါတတ်ကြတာပါ။

The height of cleverness is to be able

to conceal cleverness.

Franeois De La

Roehe Foucould

လိမ္မာပါးနပ်မှုရဲ့ အထွတ်အထိပ်မှာ၊
လိမ္မာပါးနပ်မှုကို လျှို့ဝှက်ထားဖို့ပဲ ဖြစ်တယ်။
ဖရန်ကိုအစ် ဒီလာ ရိုချီ ဖောင်းကာ (ပြင်သစ် စာရေးဆရာ)

#OpenYourBusinessOnline

Related Posts