အတွေးလက်ဆောင် (၅၇) ။ ။ ဒေါသဆိုတာ မီးတစ်မျိုးပါပဲ။ ဒေါသဟာ သူတစ်ပါးကို လောင်ကျွမ်းစေတာထက် မိမိကိုယ်မိမိ လောင်ကျွမ်း ပူလောင်စေတာက ပိုပါတယ်။ ဒေါသကို မထိန်းသိမ်းနိုင်ရင် ပြုပြင်လို့ မရတဲ့ အမှားတွေ တွေ့ရလိမ့်မယ်။ ဒေါသကို ထိန်းသိမ်းနိုင်တာနဲ့အမျှ အမှားကင်းပြီး ကိုယ်ရောစိတ်ပါ ချမ်းသာလာပါလိမ့်မယ်။
If you Patient in one moment of anger,
you will escape a handred days of sorrow.
Chincse Proverb
တကယ်လို့ သင့်အနေနဲ့ အမျက်ဒေါသကို
တဒင်္ဂ သည်းခံနိုင်ရင် ရက်ပေါင်းတစ်ရာ
စိတ်ဆင်းရဲမှုက လွတ်မြောက်နိုင်လိမ့်မယ်။
တရုတ် စကားပုံ