အတ္တနဲ့ ပရမျှတပါစေ

အတ္တနဲ့ပရ မျှတပါစေ

ကိုယ့်ကိုယ်ကျိုးတစ်ခုတည်းကြည့်ပြီး အလုပ်လုပ်တာကို ရှောင်ပါ။ “ဘယ်သူသေသေ ငတေမာပြီးရော” သဘောနဲ့ မလုပ်သင့်ပါ။ ကိုယ်လုပ်တဲ့အလုပ်က အများကိုလည်း အကျိုးပြုနိုင်ရပါမယ်။ အတ္တနဲ့ပရ မျှတတဲ့အလုပ်က ရေရှည်လည်း ခိုင်မြဲနိုင်ပါတယ်။ ဥပမာ-ကိုယ့်ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ရပ်ကွက်ထဲမှာ စာအုပ်အငှါးဆိုင် မရှိတဲ့အတွက် ရပ်ကွက်ထဲက လူအများစုက တခြားရပ်ကွက်မှာသွားပြီး စာအုပ်ငှါးနေရတယ် ဆိုပါစို့။ ကိုယ်က စာအုပ်အငှါးဆိုင်ဖွင့်ရင် ကိုယ်လည်းအကျိုးရှိသလို အများအတွက်လည်း အကျိုးရှိပါတယ်။ အရက်ဆိုင်မရှိဘူးဆိုပြီး အရက်ဆိုင်တော့ မဖွင့်သင့်ပါဘူး။

လူတွေကို ကူညီနိုင်ရင် ကူညီပါ။ မကူညီနိုင်ရင်တောင် ဒုက္ခတော့ မပေးပါနဲ့။
တိဘက်ဘုန်းတော်ကြီး Dalai Lama

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts