ခွေး နှင့် အရိုး

ခွေးနှင့် အရိုး

ခွေးနှင့် အရိုး

တစ်ခါက ခွေးတစ်ကောင်ရှိခဲ့တယ်။ ခွေးက လမ်းအတိုင်း လျှောက်သွားရင်း အရိုးတစ်ခုကို တွေ့လိုက်တယ်။ “ဟ . . . ကံကောင်းလိုက်တာ။ ဒီနေ့က ငါ့အတွက် ငါကံကောင်းတဲ့နေ့ပါလား . . . ” လို့ ခွေးက တွေးလိုက်တယ်။ ခွေးကလမ်းအတိုင်း ဆက်လျှောက်ရင်းနဲ့ မြစ်ဆီကို ရောက်ခဲ့တယ်။ ခွေးကရပ်လိုက်ရင်း မြစ်ရေထဲကို ငုံ့ကြည့်လိုက်တယ်။ အဲဒီရေပြင်ထဲမှာ အခြားခွေးတစ်ကောင်က ပါးစပ်ထဲမှာ အရိုးကိုကိုက်ရင်းနဲ့ ခွေးကိုနှုတ်ဆက်လိုက်တယ်။ “ဒီနေ့ငါ့အတွက်တော့ အမှန်တကယ်ကို ကံကောင်းတဲ့နေ့ပဲ” “အရိုးကိုက်ထားတဲ့ ခွေးတစ်ကောင်က ငါ့ကို နှုတ်ဆက်နေပါလား”ငါသူ့ကိုခြောက်လှန့်လိုက်ရင် သူထွက်ပြေးပြီး အရိုးက ကျကျန်ခဲ့လိမ့်။ ဒါဆို ငါပိုင်တဲ့ အရိုးဖြစ်သွားပြီ . . .” လို့ ခွေးက တွေးလိုက်တယ်။

ဒီလိုနဲ့ လောဘကြီးတဲ့ ခွေးဟာ အချိန်မဆိုင်းတော့ဘဲ ပါးစပ်ဟပြီး မြစ်ရေပြင်ထဲက ခွေးကို ခြိမ်းခြောက်တဲ့အနေနဲ့ ဟောင်လိုက်တယ်။ ဒီတော့ ပါးစပ်ထဲက အရိုးကမြစ်ရေထဲကို ကျပြီး ရေစီးနဲ့အတူ မျောပါသွားတော့တယ်။ ခွေးဟာ ပါးစပ်ထဲမှာ အရိုးနှစ်ချောင်းကိုက်ရမယ့်အစား အခုတော့ ဘာဆိုဘာမှ မရှိတော့ပါဘူး။ သူဟာ လောဘသားကောင်ဖြစ်သွားလို့ သူတစ်ပါးဆီက မရတဲ့အပြင် သူ့ဆီမှာရှိတာတွေပါ ပါသွားတယ်လေ။

ဒီပုံပြင်လေးဟာ ခွေးနဲ့ သရုပ်ဖော်ထားပေမယ့် လူသားတွေရဲ့ မနာလိုစိတ်၊ လောဘကြီးတဲ့စိတ်တွေကို လျော့ကျစေဖို့ ဆုံးမထားတဲ့ ပုံပြင်လေးပါ။ ဒါကြောင့် ဘယ်သူမဆို ကိုယ့်မှာရှိတဲ့ဟာကိုသာ တန်ဖိုးထားပြီး သူတစ်ပါးပိုင်တဲ့ အရာတွေကို မနာလိုစိတ်နဲ့ မျက်စောင်းမထိုးဖို့ သတိချပ်ရပါမယ်။ ကိုယ့်မှာရှိတဲ့အရာနဲ့ ကျေနပ်တင်းတိမ်နိုင်ရင် ပျော်ရွှင်မှုအစစ်အမှန်ကို ရရှိကြရမှာပါ။

အောင်လှိုင် ဘာသာပြန်သော Why Worry ? Be Happy ! စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts