အတည်ပြုသော

အတည်ပြုသော စကားလုံးများကို သုံးစွဲခြင်း

အတည်ပြုသော စကားလုံးများကို သုံးစွဲခြင်း

အတည်ပြုခြင်းဆိုသည်မှာ ဘဝမှ ကောင်းမွန်သည့်ဘက်ကို အတိုဆုံးနှင့် အရှင်းဆုံး ညွှန်ပြသည့် ဝါကျများကို ပြောဆိုခြင်းဖြစ်သည်။ “ကျွန်ုပ် ပျော်ရွှင်နေသည်” သို့မဟုတ် “ကျွန်ုပ်ကို လူအများက ချစ်ခင်ကြသည်” ဆိုသည့် ဝါကျများဖြစ်ကြသည်။ အတည်ပြုစကားစကားလုံးများက သင်၏ မသိစိတ်၌ အပြုသဘောဆောင်သည့် ယုံကြည်မှုများကို စွဲထင်၍ နေစေသဖြင့် ထိုအချက်က သင့်အား ပန်းတိုင်တစ်ခုစီသို့ ရောက်စေမည် ဖြစ်၏။

အတည်ပြုစကားလုံးကို တီထွင်ရန်အတွက် သင်၏ ရည်မှန်းချက်ကို ပထမဦးဆုံး ဆုံးဖြတ်ပါ။ ထိုအချက်ကို လွယ်ကူစွာ သတိရအောင် အတိုချုပ်၍ ဖော်ပြပါ။ သင့်အနေဖြင့် ယခုပင် ဆောင်ရွက်လိုသည်ဆိုသော ဆန္ဒမျိုး ဖြစ်ပေါ်လာအောင် ထိုဝေါဟာရကို ပစ္စုပ္ပန်ကာလပြ ကြိယာအနေဖြင့် ဖော်ပြပါ။ ထို့နောက် သင်၏ အတည်ပြုချက်ကို သင့်ဆန္ဒအတိုင်း ဖြစ်ပေါ်လာသည်အထိ ၎င်းကို စွမ်းအားအပြည့်နှင့် အချိန်မှန်မှန် ထပ်ခါတလဲလဲ အတည်ပြုနေပါ။

ဘဝ၌အကောင်းဆုံးကို ရည်ရွယ်ထားခြင်း

သင်၏ရည်ရွယ်ချက် – ဥပမာ သင်၏မိသားစုနှင့် ပိုမို၍ အချိန်ဖြုန်းရန်ဆိုသော ကိစ္စမျိုးသည် မည်သည့်အချက်ဖြစ်သနည်းဟု ဦးစွာဖော်ထုတ်ပါ။ ထိုအချက်ကို စကားလုံးတိုတိုတုတ်တုတ်နှင့် အတည်ပြု ပြောကြားပါ။ ထပ်ကာတလဲလဲ ပြောကြားပါ။ သင်၏ ဦးနှောက်ထဲ၌ အမြဲထည့်ထားပါ။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် သင့်အနေဖြင့် ထိုကိစ္စကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိလာပါလိမ့်မည်။

ကြင်နာသောစကားလုံးများက ယုံကြည်စိတ်ချမှုကို ဖြစ်စေ၏။ ကြင်နာသော တွေးခေါ်မှုက ထူးထူးခြားခြား လေးလေးနက်နက်ရှိမှုကို ဖြစ်ပေါ်စေ၏။ Lao Tzu

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

OpenYourBusinessOnline

Related Posts