အချိန်စောင့် လိုက်ပါ

အချိန်စောင့်လိုက်ပါ

အချိန်စောင့်လိုက်ပါ

တစ်ခါတုန်းက ပညာရှိအဖိုးအိုတစ်ဦးနဲ့ သူ့တပည့်တွေဟာ ခရီးတစ်ခုကို အတူထွက်လာခဲ့ကြတယ်။ လမ်းခရီးတစ်ခုမှာ တောနက်ထဲရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။ သောက်စရာ ရေလည်းကုန်နေပြီ ဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ်။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို သွားကြတယ်။ အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင်၊ ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့အတွက် ရေတွေနောက်ပြီး အနည်တွေထနေတာ တွေ့လိုက်ရတယ် ။

ဒီတော့ တပည့်တွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။ အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ်နေတယ်။ နောက်တစ်နာရီလောက် ကြာတဲ့အခါ တပည့်တွေကို ရေသွားခပ်ခိုင်းပြန်တယ်။ ဒီတစ်ခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်က ရေတွေ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။ ဒီတော့ ဝမ်းသာအားရနဲ့ တပည့်တွေအားလုံးရေခပ်ပြီး ပြီးပြန်လာကြတယ် ။

ဒီတော့ အဖိုးအိုက မေးတယ်။ “ ရေတွေ အားလုံး ကြည်လင်သွားအောင် ဘာ လုပ်လိုက်ကြသလဲ ”

“ ဘာမှမလုပ်ပါဘူး ”

တပည့်တွေအားလုံး ဝိုင်းဖြေကြတယ် ။

အဲဒီထဲကမှ တပည့်တစ်ယောက်က ဖြေတယ် ။

“ အချိန်စောင့်လိုက် ရပါတယ် ”

အဖိုးအိုကပြုံးပြီး ပြောတယ်။ “ ဟုတ်တယ် ရေကန်ထဲကရေတွေ အားလုံးကြည်လင်ဖို့ ဘာမှမလုပ်ပဲ အချိန်တစ်ခုကို စောင့်ရပါတယ်။ အဲဒီလိုပဲ တစ်စုံတစ်ခုက သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင်ပြုလုပ်ဖို့ သင်တို့ စိတ်တွေနောက်ကျိနေပြီဆိုရင် ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ ။ အချိန်ကာလတစ်ခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေမရှိတော့ပဲ စိတ်ဟာ ပြန်လည်ကြည်လင်လာပါလိမ့်မယ် ”

“သင့်စိတ်ကို တစ်စုံတစ်ယောက်က နာကျင်အောင် ထိခိုက်အောင် ဒေါသထွက်အောင်ပြုလုပ်လို့ သင့်စိတ်နောက်ကျိနေပြီဆိုရင်တော့ Let it be .. ထားလိုက်ပါ ၊ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ ။အချိန်ပေးလိုက်ပါ အချိန်ကာလတစ်ခု ကျော်လွန်ပြီးတဲ့အခါ အရာရာဟာ ပြန်လည်ကြည်လင် သွားပါလိမ့်မယ် ”

အတွေးအခေါ်စာစုလေးများမှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts