66

အချက်ရေဖြင့် ကစားခြင်း (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၃)

အချက်ရေဖြင့် ကစားခြင်း (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၃)
Rule 3-1. General: Winner စည်းမျဉ်း ၃-၁ အချက်ရေကစားနည်း အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အနိုင်ရရှိသူ အချက်ရေ ကစားနည်းဆိုသည်မှာ ကစားသမားများသည် ကော်မတီကသတ်မှတ်ထားသော ကျင်းအားလုံးကို အစဉ်လိုက်ပြီးဆုံးအောင် ကစားရခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပပုံပေါ်မူတည်၍ သတ်မှတ်ထားသော ကျင်းအရေအတွက်တိုင်းကို ပြိုင်ပွဲပြီးဆုံးသည်အထိ မပျက်မကွက် ပါဝင်ကစားရမည်။ ကျင်းတစ်ကျင်းစီ၏ ရိုက်ချက်တိုင်းအား တိကျစွာဖော်ပြရန် လိုသည်။ ပြိုင်ပွဲဝင်အားလုံးသည် တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်များဖြစ်သည်။

အကျောမဲ့ပြိုင်ပွဲတွင် သတ်မှတ်ထားသောကျင်းအားလုံး ကစားပြီးသောအခါ စုစုပေါင်းကျင်းအားလုံးတွင် အချက်ရေအနည်းဆုံး ကစားနိုင်သူက အနိုင်ရရှိသည်။

အကျောပေးပြိုင်ပွဲတွင် စုစုပေါင်းကျင်းအားလုံး၏ ရိုက်ချက်မှ ကစားသမားရသော အချက်ကျောကိုနုတ်ပြီး ကျန်သောအချက်ရေတွင် အနည်းဆုံးရရှိသော ကစားသမားက အနိုင်ရရှိသည်။

Rule 3-2 Failure to Hole Out စည်းမျဉ်း ၃-၂ ကျင်းအတွင်းသို့ ဘောလုံးဝင်အောင် မသွင်းခြင်း
ကစားသူတစ်ဦးသည် မည်သည့်ကျင်းတွင်မဆို ကျင်းအတွင်းသို့ ဘောလုံးဝင်အောင် မရိုက်ခဲ့ပါက နောက်တီခုံမှ မရိုက်မီ (သို့မဟုတ်) နောက်ဆုံးကျင်းဖြစ်ပါက ဂရင်းပေါ်မှ မဆင်းမီ မူလဘောလုံးရှိသောနေရာမှ ကစားခဲ့သော ဘောလုံးကိုချ၍ ကျင်းဝင်အောင် ရိုက်ရမည်။ ထိုသို့ဘောလုံးကို ကျင်းဝင်အောင် ပြန်လည်မရိုက်ခဲ့ပါက ပြိုင်ပွဲမှထုတ်ပယ်သည့် ပြစ်ဒဏ် DQ ချမှတ်ခြင်းခံရမည်။

Rule 3-3. Doubt as to Procedure စည်းမျဉ်း ၃-၃ စည်းမျဉ်းအတိုင်း လုပ်ဆောင်ရန် မသေချာလျှင်
a. Procedure – ကစားသူလုပ်ဆောင်ရန်နည်းလမ်း
အချက်ရေကစားခြင်းတွင် ကျင်းကစားနေစဉ်အတွင်း သတ်မှတ်ထားသော စည်းမျဉ်းနှင့် ကိုက်ညီမှု ရှိ/ မရှိ မသေချာလျှင် ထိုနေရာမှစ၍ နောက်ထပ်ဒုတိယဘောလုံးတစ်လုံးကို ရိုက်၍ ဘောလုံးနှစ်လုံးစလုံးကို ကျင်းဝင်သည့်တိုင်အောင် ဆက်ကစားနိုင်သည်။ ဘောလုံးနှစ်လုံးကစားခြင်းအတွက် ပြစ်ဒဏ်မရှိပါ။

ဤကဲ့သို့ မသေချာသော အခြေအနေဖြစ်လာ၍ ကစားသူသည် ဘောလုံးနှစ်လုံးရိုက်ရန်အတွက် လုပ်ဆောင်ချက်တစ်စုံတစ်ရာ မပြုလုပ်မီ ဘောလုံးနှစ်လုံး ရိုက်မည်ဖြစ်ကြောင်း ဆုံးဖြတ်ရမည်။ ဥပမာ – မူလဘောလုံးကို မရိုက်မီ ဆုံးဖြတ်ရန်။ ပထမဦးစွာ ဘောလုံးများကို မရိုက်မီ မိမိ၏မာကာအား –
* ဘောလုံးနှစ်လုံး ရိုက်မည်ဖြစ်ကြောင်းနှင့်
* စည်းမျဉ်းကခွင့်ပြုပါက မည်သည့်ဘောလုံးကို ရွေးချယ်မည်ဖြစ်သည်ဟု ကြိုတင်အသိပေးရမည်။

ကစားသမားသည် ဘောလုံးနှစ်လုံးကစားခဲ့ခြင်းကို မိမိ၏စကောကဒ် မအပ်မီ ကော်မတီသို့ အသိပေးတင်ပြရမည်။ ကော်မတီသို့ အသိမပေးဘဲ မိမိ၏ရိုက်ချက်များ (စကောကဒ်)ကို အပ်ခဲ့လျှင် ပွဲပယ် ပြစ်ဒဏ် DQ ချမှတ်ခံရမည်။

အကယ်၍ ကစားသူသည် ဘောလုံးနှစ်လုံးရိုက်မည်ဖြစ်ကြောင်းနှင့် စည်းမျဉ်းက ခွင့်ပြုပါက မည်သည့် ဘောလုံးကို ရွေးချယ်မည်ဟု ကြိုတင်အသိပေးလုပ်ဆောင်ရမည့် နည်းလမ်းအတိုင်း ကြိုတင်အသိပေးခြင်းမပြုဘဲ ဘောလုံးနှစ်လုံးကို ရိုက်ခဲ့ပါက စည်းမျဉ်း 3-3 နှင့် အကျုံးမဝင်ပါ။ ဘောလုံးနှစ်လုံးကစားခဲ့ခြင်းအတွက် ပြစ်ဒဏ်မပေးရပါ။

b. Committee Determination of Score for Hole
ကော်မတီက ဘောလုံးနှစ်လုံးကစားခဲ့ခြင်းအတွက် အချက်ရေတွက်ချက်ပုံ
ကစားသူသည် ဘောလုံးနှစ်လုံးကစားခဲ့လျှင် ကော်မတီသည် အောက်ပါအတိုင်း ဆုံးဖြတ်ပေးရမည်။

(i) အကယ်၍ ကစားသူသည် ဘောလုံးနှစ်လုံးရိုက်ရန်အတွက် လုပ်ဆောင်ချက်တစ်စုံတစ်ရာမပြုလုပ်မီ ဘောလုံးနှစ်လုံး ရိုက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးခဲ့ပြီး ကစားသူ ရွေးချယ်ခဲ့သော ဘောလုံးအတွက် စည်းမျဉ်းက ခွင့်ပြုပါက (သို့) စည်းမျဉ်းနှင့်ညီပါက ထိုရွေးချယ်ထားသော ဘောလုံးဖြင့် ရိုက်ခဲ့သော အချက်ရေသည် ထိုကျင်း၏ အချက်ရေဖြစ်သည်။
သို့မဟုတ်ဘဲ ရွေးချယ်ထားသော ဘောလုံးအတွက် စည်းမျဉ်းက ခွင့်မပြုပါက၊ စည်းမျဉ်းနှင့်မညီပါက အခြားဘောလုံးကို စည်းမျဉ်းနှင့်အညီ ကစားခဲ့လျှင် ထိုဘောလုံး၏ အချက်ရေကို ယူရမည်။

(ii) အကယ်၍ ကစားသူသည် ဘောလုံးနှစ်လုံးရိုက်ရန်အတွက် လုပ်ဆောင်ချက်တစ်စုံတစ်ရာမပြုလုပ်မီ (ဘောလုံးတစ်လုံးကိုမရိုက်မီ) မည်သည့်ဘောလုံးအား ရွေးမည်ဟု ကြိုတင်၍ မပြောခဲ့လျှင် မူလဘောလုံးကို စည်းမျဉ်းနှင့်အညီ မကစားခဲ့ပါက မူလဘောလုံး၏ အချက်ရေကို ယူရမည်။
သို့မဟုတ်ဘဲ မူလဘောလုံးကို စည်းမျဉ်းနှင့်အညီ မကစားခဲ့လျှင် အခြားဘောလုံးကို စည်းမျဉ်းက ခွင့်ပြုလျှင်၊ စည်းမျဉ်းနှင့်ညီလျှင် ထိုဘောလုံး၏ အချက်ရေကို ယူရမည်။

(iii) အကယ်၍ ကစားခဲ့သော ဘောလုံးနှစ်လုံးစလုံးသည် စည်းမျဉ်းကခွင့်မပြုပါက၊ စည်းမျဉ်းနှင့်မညီပါက မူလဘောလုံးအတွက် ပေးရမည့်နေရာမှားမှ ကစားခြင်းကြောင့် ထူးကဲသော အခွင့်အရေးဖြစ်စေခြင်း ပွဲပယ်ပြစ်ဒဏ် မဖြစ်လျှင် မူလဘောလုံး၏ အချက်ရေကို ယူရမည်။ အကယ်၍ ကစားခဲ့သော ဘောလုံးနှစ်လုံးတွင် တစ်လုံးသည် ပွဲပယ်ပြစ်ဒဏ်ဖြစ်ပြီး အခြားတစ်လုံးသည် စည်းမျဉ်းနှင့်အညီ မကစားခဲ့ခြင်းကြောင့် ပေးရမည့်ပြစ်ဒဏ်သည် ပွဲပယ်ပြစ်ဒဏ်မဟုတ်ပါက ထိုဘောလုံး၏ အချက်ရေကို ယူရမည်။ အကယ်၍ ကစားခဲ့သော ဘောလုံးနှစ်လုံးစလုံးသည် ပွဲပယ်ပြစ်ဒဏ် (DQ) ကျလျှင် ကစားသူသည် DQ ဖြစ်သည်။

Note 1 မှတ်ချက် ၁ – စည်းမျဉ်းကခွင့်ပြုပါက၊ စည်းမျဉ်းနှင့်ညီပါက ဟူသောစကားရပ်၏ ဆိုလိုချက်မှာ စည်းမျဉ်း 3-3 အရ ကစားရန် ဆုံးဖြတ်ပြီးပါက (a) မူလဘောလုံးကို ရောက်ရှိသောနေရာမှ ရိုက်ခြင်းဖြစ်ပြီး ထိုနေရာသည် ရိုက်ခွင့်ရှိသောနေရာဖြစ်ခြင်း (b) ထိုဘောလုံးအတွက် စည်းမျဉ်းကခွင့်ပြုသည့်အတိုင်း ဆောင်ရွက်၍ ကစားခြင်းဖြစ်ပြီး၊ သတ်မှတ်ထားသောနေရာမှန်မှ ကစားခြင်းဖြစ်ရမည်။

Note 2 မှတ်ချက် ၂ – အကယ်၍ မူလဘောလုံး၏ အချက်ရေကို ယူရမည်ဖြစ်ပြီး မူလဘောလုံး၏ အချက်ရေကိုယူရမည်ဖြစ်ပြီး မူလဘောလုံးကို ဆက်၍ မကစားခဲ့လျှင် ပထမဆုံးစတင်ကစားသော ဘောလုံးကို မူလဘောလုံးအဖြစ် သတ်မှတ်သည်။

Note 3 မှတ်ချက် ၃ – စည်းမျဉ်း 3-3 အရ ကစားသောအခါ ရွေးချယ်ခြင်းမခံရသော အခြားဘောလုံးကိုရိုက်စဉ် သီးခြားဖြစ်ပွားခဲ့သော ပြစ်ဒဏ်များအားလုံး ပျက်ပြယ်သည်။ စည်းမျဉ်း 3-3 ဖြင့်ရိုက်သော ဘောလုံးသည် စည်းမျဉ်း 27-1 အရရိုက်သော အရံကစားသည့် ဘောလုံးမဟုတ်ပါ။

Rule 3-4. Refusal to Comply with a Rule စည်းမျဉ်း ၃-၄ စည်းမျဉ်းနှင့်အညီကစားရန်ငြင်းပယ်ခြင်း
ကစားသူတစ်ဦးသည် စည်းမျဉ်းစည်းကမ်းနှင့်အညီ ကစားရန် ငြင်းဆန်ခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် အခြားကစားသမားတစ်ဦးဦး၏ အခွင့်အရေးကို နစ်နာစေခဲ့ပါက ပွဲပယ်ပြစ်ဒဏ် DQ ချမှတ်ခြင်းခံရမည်။

Rule 3-5 General Penalty စည်းမျဉ်း ၃-၅ အထွေထွေပြစ်ဒဏ်သတ်မှတ်ချက်
အချက်ရေ ကစားခြင်း ၏ အထွေထွေပြစ်ဒဏ်မှာ အခြားသတ်မှတ်ထားသော ပြစ်ဒဏ် မဖော်ပြထားလျှင် ၂ ချက် ဖြစ်သည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts