အကြောင်းပြချက် မရှာပါနဲ့

အကြောင်းပြချက် မရှာပါနဲ့

အကြောင်းပြချက် မရှာပါနဲ့

ကမ္ဘာကျော် ဂီတပညာရှင်တွေ၊ ပန်းချီဆရာတွေ၊ တီထွင်သူ သိပ္ပံပညာရှင်တွေ အစရှိတဲ့ အောင်မြင်သူတွေထဲမှာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ ပညာသင်ကြားဖို့ အခက်အခဲရှိသူတွေ အများကြီးရှိပါတယ်။ ကမ္ဘာကျော်ဂီတပညာရှင်ကြီး ဘီသိုဗင်ဟာ မွေးလာကတည်းက နားမကြားသူပါ။ ကမ္ဘာကျော်ပန်းချီဆရာမ ဂျိုနီအဲရစ်ဟာ လည်ပင်းအောက်ပိုင်း သေနေသူဖြစ်တာကြောင့် ပန်းချီစုတ်တံကို ပါးစပ်နဲ့ကိုက်ပြီး ပန်းချီဆွဲခဲ့သူပါ။ သူ့ရဲ့ပန်းချီကားတွေဟာ ဒေါ်လာသန်းချီတန်နေပါပြီ။ ကိုယ့်မှာလည်း အခက်အခဲတွေရှိနိုင်ပါတယ်။ အခက်အခဲတွေကို ကျော်လွှားဖို့ နည်းလမ်းတွေရှာပါ။ ကြိုးစားပါ။ အကြောင်းပြချက်တော့ မရှာပါနဲ့။ လိုချင်စိတ်ရှိရင် ရအောင်ယူတဲ့နည်း အမြဲရှိပါတယ်။

အခက်အခဲ ကြီးမားလေလေ အောင်မြင်အောင် ကျော်လွှားတဲ့အခါ အကျိုးကျေးဇူးများလေပါ။
Moliere

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts