ဟားဘတ်စတင်လေမော်ရီဆင်

ဟားဘတ် စတင်လေ မော်ရီဆင် (Herbert Stanley Morrison)(1888-1965)

ဟားဘတ် စတင်လေ မော်ရီဆင် – ဗြိတိသျှ လေဘာပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သည်။ အင်္ဂလန်ပြည် ဘရစ်(က)စတန်မြို့၌ မွေးသည်။ ဆိုင်အကူလုပ်သားလေး၊ တယ်လီဖုန်း အော်ပရေတာ စသည့် အောက်ခြေဘဝများမှနေ၍ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်း အလုပ်သမားလောကတွင် ထင်ရှားလာပြီး လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရသည်။ ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲအဖြစ် ချာချီ၏ စစ်ကာလ အစိုးရအဖွဲ့တွင် အရေးပါသူတစ်ဦး ဖြစ်ခဲ့သည်။ အက်တလီအစိုးရလက်ထက် (၁၉၄၅-၁၉၅၁)တွင် အောက်လွှတ်တော်၌ အာဏာရ လေဘာပါတီအမတ်များ၏ ခေါင်းဆောင်အဖြစ် လည်းကောင်း၊ အစိုးရအဖွဲ့၌ ဒုတိယ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဘာစာမှ မဖတ်တာနဲ့စာရင်တော့ အပေါစားလည်း မဆိုးပါဘူး။ ဒါပေမဲ့ မင်းခေါင်းက သိပ်ကောင်းတယ်ကွ။ ဒီလို အညံ့စား အမှိုက်သရိုက်လိုဟာတွေနဲ့ မတန်ပါဘူး။ ပိုကောင်းတာတွေ ထည့်စမ်းပါ။ သမိုင်းတို့၊ အတ္ထုပ္ပတ္တိတို့လို ဟာမျိုးတွေ။ မင်းကြိုက်တာတော့ ရွေးပေါ့။ ဒါပေမဲ့ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလေးအနက်ဖတ်တဲ့ အလေ့အထမျိုး မွေးစမ်းပါ။

-ဖေမြင့် ရေးသားသော ( မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား )စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။

Related Posts