သာတူညီမျှ အခွင့်အရေး

လောကကြီးက လူတိုင်းကို သာတူညီမျှ အခွင့်အရေး ပေးထားပါတယ်။ လူမျိုးဘာသာ မရွေး ဆင်းရဲချမ်းသာမရွေးပါ။ ဘယ်လို အခွင့်အရေးတွေ ပေးထားတာလဲ။ လောကကြီးက အနီ၊ အဝါ၊ အပြာဆိုတဲ့ အခြေခံအရောင် သုံးမျိုးပေးထားပါတယ်။ သုံးတတ်သူက အဲဒီအရောင်တွေကို ရောနှောစပ်ပြီး လှပတဲ့ပန်းချီကားတွေ ဖန်တီးလိုက်တယ်။ လောကကြီးက ဒို၊ ရေ၊ မီ၊ ဖာ စတဲ့ အခြေခံသံစဉ် ၇ မျိုးကို ပေးထားတယ်။ သုံးတတ်သူက အဲဒါတွေကို ရောနှောလိုက်ပြီး သာယာနာပျော်ဖွယ်ဖြစ်တဲ့ တေးဂီတတွေကို ဖန်တီးလိုက်တယ်။

လောကကြီးက က၊ ခ၊ ဂ၊ (သို့မဟုတ်) A, B, C, D စတဲ့ စာလုံးအက္ခရာတွေကို ပေးထားတယ်။ သုံးတတ်သူက အပြောင်မြောက်ဆုံး ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးတွေ ဖန်တီးလိုက်တယ်။ အဲဒီလို သုံးတတ်ဖို့ ဘာလိုသလဲ၊ ဖန်တီးတတ်တဲ့ အသိဉာဏ်ပညာလိုပါတယ်။ ပါရမီပါရင်တော့ ဒီ့ထက်ပိုကောင်းအောင် ဖန်တီးနိုင်တာပေါ့။

ဗန်းမော် သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

ဘဝနေနည်း

Related Posts