ကိုယ့်အပေါ်ကို တစ်ယောက်ယောက်က အရမ်း သည်းခံတယ် ဆိုတာ ဂုဏ်ယူစရာမဟုတ်ဘူးနော်.. အသက်ပြည့်လို့ ကျပ်ပြည့်လို့ ရည်းစားတောင် ထားတတ်နေတဲ့အရွယ်ဆိုတာ အပြည့်အ၀ မရင့်ကျက်နိုင်သေးရင်တောင် ငယ်တော့တဲ့အရွယ်မဟုတ်ဘူး..

လူဆိုတာ တစ်ကိုယ်တည်းမရှင်သန်ချင်‌သရွေ့ ကိုယ့်ဘေးက ကိုယ့်ကိုချစ်တဲ့သူတွေအပေါ်မှာ rightful manner ရှိရတယ်.. ကိုယ့်ပတ်၀န်းကျင်ကို ပျော်အောင်လုပ်မပေးနိုင်ရင်တောင် အနည်းဆုံးတော့ ကိုယ့်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်မသွားအောင် နေတတ်ရတယ်.. mutual respect ထားရတယ်..ကိုယ်တောင် ပျော်ချင်လို့ ရည်းစားထားတာ.. ကိုယ့်ရည်းစားလဲ ကိုယ်နဲ့တွဲလို့ ပျော်ချင်မှာပဲ.. ချစ်လို့ အနွံတာခံတယ်.. သည်းခံပေးတယ်ဆိုရင်တောင် သူလဲပျော်ချင်မှာပဲဆိုတဲ့ သူ့ရဲ့ကိုယ့်အပေါ်ထားမယ့် expectation ကို နားလည်နိုင်တဲ့ဉာဏ်တော့ အနည်းဆုံးရှိသင့်တယ်..

တကယ်တမ်းတော့ လူဟာ ဘယ်သူကမှ ဘယ်သူ့အပေါ်မှာမှ သည်းခံပေးရမယ့်တာ၀န်မရှိဘူး.. တစ်ကိုယ်စာစီ လူ့သက်တမ်းကန့်သတ်ချက်ကိုယ်စီနဲ့ တစ်သက်မှာတစ်ခါပဲရှင်သန်ကြရတဲ့ဘ၀ကိုယ်စီမှာ မပျော်ရတာနဲ့ မပျော်တဲ့အရပ်ဒေသကို ချက်ချင်းစွန့်ခွာပိုင်ခွင့်လူတိုင်းမှာရှိတယ်.. ဒါပေမယ့် တော်တော်များများက မစွန့်ခွာတတ်ကြပါဘူး.. ချစ်လို့ ဆိုတဲ့ reason တစ်ခုနဲ့ ဆက်ပြီးဘေးမှာရှိဖို့ရွေးချယ်တတ်ကြတာများပါတယ်..

ကိုယ့်ဘက်ကသာ ဘယ်သူကမှ ကိုယ့်အပေါ်သည်းခံနေရတယ်ဆိုတာမျိုး မဖြစ်ရအောင် ဆင်ခြင်ချင့်ချိန်ပြီးနေပေးဖို့တာ၀န်ရှိတာ..အချစ်ဟာ ပါးလျတဲ့ အလွှာတစ်ခုပဲလူနှစ်ယောက် အတည်မမြဲသေးခင်ခဏမှာ ဟော်မုန်းတွေနဲ့ဦးနှောက်ကို illusion ပေးတဲ့အလုပ်ကိုပဲ သူကလုပ်တာ.. ဆက်ပြီးတည်မြဲစေတာက ကိုယ်တိုင်က ကိုယ့်ဘေးကသူနဲ့ တည်မြဲဖို့ထိုက်တန်စေတဲ့ ကိုယ့်လုပ်ရပ်တွေပဲ.. နှစ်ယောက်အပြန်အလှန် ထိုက်တန်စေဖို့သာ လိုတယ်..

ဘယ်လောက်ချစ်ချစ်.. အဆင်မပြေရင် ကွဲမယ်.. အချစ်သိပ်မပါလဲ နှစ်ယောက် အပေးအယူမျှပြီးအဆင်ပြေတဲ့အတွဲတွေ မြဲတာပဲ..အဆင်ပြေစေတယ်ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် ကောင်းပေးဖို့သာလိုတယ်.. လေးစားမှုအပြန်အလှန်ထားမယ်.. စေတနာထားမယ်.. မပင်ပန်းစေချင်ဘူး.. မနာဖျားစေချင်ဘူး.. မနာကျင်စေချင်ဘူးဆိုတာမျိုး..တစ်ဖက်လူအပေါ် ဆိုးလို့ရတယ်.. အနိုင်ကျင့်လို့ရတယ်.. နှိပ်စက်လို့ရတယ်ဆိုတာ ဂုဏ်ယူစရာကိစ္စမဟုတ်သလို အချစ်ခံရတာလဲမဟုတ်ဘူး..

သည်းညည်းခံ တာ ခံရတာပဲရှိတာ..ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ အချစ်မခံထိုက်တဲ့ true self အကြောင်းကိုယ်တိုင်ပြန်သိနေတဲ့ အငုံ့စိတ်ကို တခြားလူအပေါ်မှာ ပစ်တင်ကြည့်လိုက်.. သူသည်းခံတယ်ဟ.. ဒါဆို ငါကအချစ်ခံထိုက်လို့ထင်ပါရဲ့ လို့ အယားဖြေလိုက်.. ထပ်ဆိုးကြည့်လိုက်.. ပစ်မသွားဘူး ကြည့်စမ်း.. ငါ အချစ်ခံထိုက်လို့နေမှာပါ လို့ ကိုယ့်ဟိုးအနက်ရှိုင်းဆုံးမသိစိတ်မှာတွယ်ငြိနေတဲ့သိမ်ငယ်စိတ်ကို မမှီမကမ်းလှမ်းနှစ်သိမ့်လိုက်နဲ့ လုပ်နေတာသက်သက်ပဲ..

တချို့က ကြိုကာထားတတ်ကြသေးတယ်.. ပစ်သွားလဲမလွမ်းဘူး ဆိုတာမျိုး.. ဂရုစိုက်မနေဘူး ဆိုတာမျိုး..တကယ်တော့ ကိုယ့်အပေါ်တကယ်ကောင်းတဲ့သူဆိုတာ လောကမှာ ထင်ထားတာထက် ရှားတတ်ပြီး အခွင့်အရေးဆိုတာမျိုးကလဲ ဘ၀မှာအခါခါမရတတ်ကြဘူး..ကိုယ်ကကောင်းရဲ့နဲ့ပြတ်သွားတယ်ဆိုရင် it’s very much ok to move on and find someone else.. but.. ကိုယ်တိုင်က အလိုက်ကန်းဆိုးမသိ ဆိုးခဲ့လို့.. အတိုင်းအဆမသိတဲ့အနိုင်ကျင့်စိတ်နဲ့ သူတပါးစိတ်နဲ့ကိုယ်ကိုနှိပ်စက်ခဲ့လို့.. ပြတ်တာဆို ညံ့တာသက်သက်ပဲ..

လူကြားထဲထမင်းပလပ်လပ်ဝါးတတ်တာကို ရွံကြပေမယ့် ဘယ်သူမှ အဲ့လိုမလုပ်ဖို့လာမပြောကြတာ ဂုဏ်ယူစရာမဟုတ်ဘူး.. လူတွေအများကြီးက ငါ့ကိုသည်းခံတယ် ဆိုပြီး ပျော်နေရမှာမဟုတ်ဘူး.. ကိုယ်ကသာ ဘယ်သူကမှသည်းခံပေးနေရတဲ့သူမျိုးဖြစ်မနေရအောင် ကိုယ့် manner ကိုယ် တာ၀န်ယူရမှာ..ရူးနေတဲ့လူတို့ဘာတို့ဆို တမျိုးပေါ့..Public မှာ manner ရှိရသလိုပဲ relationship မှာလဲ manner ရှိရတယ်.. ပိုတောင်အရေးကြီးသေးတယ်..

လက်ပါတာ.. လက်သည်းနဲ့ kote တာ.. ကအစ.. လေသံမြင့်တာ.. တောက်ခေါက်တာ.. အော်တာ.. အဆုံး တစ်ဖက်လူက သည်းမခံခဲ့ရင် ကိုယ့် relationship မှာ risk ရှိတယ်ဆိုတာ တွက်တတ်ဖို့လိုတယ်.. နှစ်ယောက်သားအချင်းချင်းလဲ ကိုယ်လက်သင့်မခံနိုင်တဲ့ misbehaving တွေကို abuse အဆင့်မရောက်လာခင်မှာ သည်းညည်းလုံး၀မခံပဲ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ပြောထားဖို့လိုတယ်..

ချစ်လို့ စတာ နောက်တာ ကိုပြောတာမဟုတ်ဘူးနော်..တချို့က abusive ကိုဖြစ်တာ.. Abuse ဆိုတာ physical တစ်ခုတည်းမဟုတ်ဘူး..

စိတ်ကို အနှောင့်အယှက်ဖြစ်အောင် လုပ်တာလဲ mental abuse ပဲ..

Relationship ကိုသိပ်တန်ဖိုးမထားလို့ ပြတ်လဲအရေးမကြီးဘူးဆိုရင်တောင် ကိုယ့်ကြောင့်သူတပါးစိတ်အနှောင့်အယှက်မဖြစ်သွားရအောင် ထိန်းသိမ်းပြီး‌နေတတ်တာက ယဉ်ကျေးခြင်းပဲ.. အဆင့်အတန်းဆိုတာ အဲ့ဒါကိုပြောတာ..လုပ်ပြီးမှ ပြန်ချော့လို့ရတယ် ဆိုတာကို လုံး၀မယုံနဲ့.. ပြတ်သွားသမျှ relationship တိုင်းမှာ တစ်ဖက်ဖက်ကတော့ အသည်းအသန်လိုက်ချော့ လိုက်တောင်းပန်နေရင်းတန်းလန်းနဲ့ကို ဘယ်လိုမှအဖပ်ဆယ်မရတော့တာမျိုးပဲ..

အစကတည်းက မသင့်တော်တာကို မလုပ်တတ်တဲ့ဉာဏ်မျိုးရှိထားဖို့သာ အရေးကြီးတယ်..ကိုယ့်လာလုပ်လဲ သည်းမခံနဲ့..ကိုယ်ကလဲ သူများအပေါ် မလုပ်နဲ့..ကိုယ့် limited lifetime လေးအတွင်းမှာ ကိုယ့်စိတ်အကြည်ဓာတ်လေးရအောင်ကိုယ်မနည်းကြိုးစားရှင်သန်နေရတဲ့ သူများသားသမီးတွေချည့်ပဲ.. ဘယ်သူ့ရဲ့စိတ်ပေါ်ကိုမှ အလိုမတူပဲဖြတ်လျှောက်ခွင့် ဘယ်သူ့မှာမှမရှိဘူး..စိတ်ညစ်မခံနိုင်ရင် ရည်းစားမထားနဲ့ လို့ပြောတဲ့သူတွေဟာ သူတို့ကိုယ်သူတို့လဲ စိတ်ညစ်စရာကောင်းမှန်းသူတို့ဘာသာသူတို့သိသလို ကိုယ့်ဘေးကလူကို အချိန်တန်ရင် ပိုစိတ်ချမ်းသာအောင်ထားနိုင်တဲ့နောက်တစ်ယောက်ဆီ ရေစက်ချပြီးပေးလိုက်ရမယ့်သူတွေချည့်ပဲ..

Right person ဆိုတာ ရှာရတာမဟုတ်ဘူး.. ကိုယ်တိုင်ဖြစ်ရတာ..ရူးနေတာလဲမဟုတ်.. ကျပ်လည်းပြည့်ပါရက်နဲ့ ကိုယ့်အပေါ်ကို တစ်ယောက်ယောက်က အရမ်း သည်းခံတယ် ဆိုတာ ဂုဏ်ယူစရာလုံး၀မဟုတ်ပဲရှက်စရာဖြစ်နေတယ်ဆိုတာ သိတဲ့အထိ ရင့်ကျက်လာတဲ့အခါကျရင် ဒရာမာတွေ ပြီးပါပြီ..

သည်းခံမှု ကို Yarzar Wizaya‘s Relationship SuggestionsPage မှ ကူးယူဖော်ပြပါသည်။

သုတ

openmoreonline

Related Posts