ငှက်ပျောဖတ်မီးအုံးငါးကင်

ငှက်ပျောဖတ်မီးအုံးငါးကင်နည်း တောင်ပေါ်ဒေသအလုပ်ကြမ်းလုပ်သူတွေလုပ်စားကြတဲ့နည်းလမ်းလေးပါခင်ဗျ။သူတို့တွေက ဖရုံညွှန့်သုံးကြပေမယ့် ကျွန်တော်ဖရုံညွှန့်မရတာကြောင့်လယ်ကန်စွန်းရွက်လေးသုံးထားပါတယ်။ပါဝင်ပစ္စည်းများမှာ

မိမိကြိုက်နှစ်သက်ရာငါး..၁ကောင်

စပါးလင်ချောင်း

ဗမာကြက်သွန်ဖြူ ၂ဥ

သံပုရာသီး ၂လုံး

ချင်းကြီးကြီး ၁တက်

ပင်စိမ်း ၅ခက်

ရှမ်းနံနံ ၅ပင်

နံနံ ၅ပင်

ကြက်သွန်မြိတ် ၃ပင်

ငရုတ်သီးစိမ်း၊နီ မိမိနှစ်သက်သလို

ဖရုံညွှန့် (သို့) ကန်စွန်း ၁၀ညွှန့်ခန့်

ပထမဆုံးငါးကိုသန့်စင်ရေဆေးပြီးစစ်ထားပါ။ကျွန်တော်ကတိလားဘီးယားငါးသုံးထားပါတယ်။အထောင်းနဲ့ ပါးပါးလှီး အုပ်စု ၂ခုခွဲပါမယ်။နံနံပင်အမြစ်၊ချင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းနီတွေကိုခပ်ကြမ်းကြမ်းလေးထောင်းပါမယ်။စပါးလင်အနုပိုင်း၊ကြက်သွန်မြိတ်၊နံနံပင်၊ပင်စိမ်း၊ရှမ်းနံနံတွေကိုပါးပါးလှီးပါမယ်။အရသာအတွက် ဆား၊အရသာမှုန့်၊ငရုတ်ကောင်းတို့ကိုဆီ၊သံပုရာရည်နဲ့ဖျော်ထားပေးပါ။ငါးခေါင်းရဲ့ပါးစပ်ထဲသို့ စပါးလင်အမြစ်နဲ့အဖျားပိုင်းတွေကိုဓားပြားရိုက်ပြီးထိုးထည့်ပါ။

ငါးရဲ့ဗိုက်တွင်း၊မွှန်းထားတဲ့နေရာတွေကိုဆီနဲ့စပ်ထားတဲ့အရသာသုပ်လိမ်းပါမယ်။ပိုတဲ့ဆီအရသာ၊ထောင်းထားသောအုပ်စု၊ပါးပါးလှီးသောအုပ်စုကိုသမအောင်ရောမွှေပေးပါ။စထုပ်ပါမယ်။ ငှက်ပျောဖက်ကိုဖြန့်ခင်းပြီးလယ်ကန်စွန်းရွက်၊ညှစ်ပြီးသားသံပုရာအခွံတွေဖြန့်ခင်းပါ။အလုံးစုံစပ်ထားတဲ့အရသာကိုဖြန့်ထည့်ပါ။ငါးထည့်ပါ။ငါးဗိုက်ထဲကိုအစာအပြည့်သိပ်မှာဖြစ်သလိုအပေါ်ပိုင်းကိုလဲထိုနည်းအတိုင်းပြုလုပ်ပါ။ငှက်ပျောရွက်အစတွေကိုသေချာခေါက်သိမ်းပြီးထုပ်ပိုးပါ။

ဒုတိယတထပ်အနေနဲ့ငှက်ပျောဖက်ထူထူနှင့်ထုပ်ပိုးပါ။ အပေါ်ဆုံးအလွှာထုပ်ပိုးပြီးရင်သွပ်နန်းကြိုးအသေးအပျော့လေးနှင့်ချည်နှောင်ပါ။(မီးအုန်းချိန် ငှက်ပျောရွက်တွေမီးကျွမ်းတဲ့အခါအလွယ်တကူကိုင်တွယ်နိုင်အောင်)မီးကျီးခဲသုံးသူများအထက်အောက်အုံးပါ။လျှပ်စစ်၊ဂတ်စ်မီးသူများမကြာခဏအထက်အောက်လှည့်ပေးပါ။မီးသွေးမီးကျီခဲသုံးသူများ ၁ နာရီ ခန့်၊ ဂတ်စ်သုံးသူများ၁နာရီကျော်ကျာ်ကြာနိုင်ပါတယ်။ကျက် မကျက် ကို ဖက်မဖြည်ပဲ ဝါးထုတ်တံအချွန်လေးနဲ့ထိုးစမ်းပါ။ ဟိုဖက်ဒီဖက်ငါးအသားထဲထိဖောက်သွားရင်ကျက်ပါပြီ။ချဥ်ငံစပ်ဆော့စ်များမလိုအပ်ပါ။ထမင်းပူပူ၊ငါးကင်နှင့်ဆီတို့ဟူး(သို့)ပဲပုတ်အနှစ်ရည်တို့နှင့်တွဲဖက်လို့ရပါတယ်။မိမိကြိုက်နှစ်သက်ရာ ဂေါ်ဖီ၊မုန်ညှင်းဖြူ စသည့်အရွက်များနှင့်သုံးဆောင်ပါ။

ငှက်ပျောဖတ်မီးအုံးငါးကင်နည်း  ကို ဟင်းချက်နည်းများ Page မှ ကူးယူဖော်ပြပါသည်။

သုတ

openmoreonline

Related Posts