စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ

  • ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။စကားကို လက်လွယ်စပယ် မပြောပါနဲ့။ခံစားတတ်တဲ့ ဝေဒနာဆိုတာ လူတိုင်းမှာ ရှိပါတယ်။
  • ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား တာမျိုး မပြုလုပ်ပါနဲ့။လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလိုမိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။
  • ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။
  • ဘယ်လောက်ပဲ အလကားရနေပါစေ။မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကိုအသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာတရားဆိုတာ မွေးမြူသင့်ပါတယ်။
  • ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့ ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ် တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။
  • ဘယ်လောက်ပဲ ရိုးသားတဲ့လူကို တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်အသုံးမချပါနဲ့။ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီးအခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်ပါဘူး။
  • ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူသင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။ ဒီကနေ့ အင်အားကြီးမားသူဟာ နောင်တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။သံသရာဆိုတာ လည်ပတ်နေပါတယ်။
  • ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်းမနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။
  • သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့ အလွယ်တကူ မှတ်ချက်မပေးပါနဲ့။ နောက်ခံအခြေအနေဆိုတာ တသမတ်တည်းရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေကွဲပြားနေတာကို သတိပြုမိပါစေ။
  • မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာတွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ ကို  ဘဝကိုပြောင်းလဲစေသောအတွေးအခေါ်များ မှ ကူးယူဖော်ပြပါသည်။

သုတ

openmoreonline

Related Posts