hapeye

သင်ပြောသည့်စကားကို သင်တကယ်ဆိုလိုပါသလား။

မိမိ၏ သက်မွေးဝမ်းကျောင်းအလုပ်တွင် ထူးခြားမှုရှိစေလိုသူတစ်ဦးအတွက် ကျွန်မအကြုံပြုလိုသည့် စာအုပ်တစ်အုပ်မှာ Arbinger Institute ၏ Leadership and Self – Deception ဖြစ်ပါသည်။ (စာရေးဆရာ၏နာမည်မှာ လန့်စရာကောင်းသော်လည်း) ပေါ့ပါးစွာဖတ်နိုင်သော စာတစ်အုပ်ဖြစ်ပါသည်။ ဤစာအုပ်မှ အမြင်သဘောထားတစ်ခုကို မျှဝေပြီး ယင်းကို ထပ်ရှင်းလိုသည်။ သို့မှသာ ယနေ့သင့်အလုပ်တွင် ချက်ချင်း ထည့်သွင်းအသုံးချနိုင်မည်။

သင်သည် သင့်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးအား သင် သူ့အပေါ်စိတ်ဝင်စားသည်ကို ပြရန် သူ့ကိုကူညီဖို့ အချိန်ယူကြိုးစားနေသည် ဆိုပါစို့။ ဥပမာ- စိတ်ဝင်စားစွာ နားထောင်ခြင်း၊ မိသားစုအကြောင်း မေးခြင်း၊ သို့မဟုတ် ပိုမိုထိရောက်သည့် အခြားတတ်ကျွမ်းမှုကို အသုံးချခြင်းတိုဆို့ပါစို့။ သင့်ကိုယ်သင် ဤမေးခွန်းကိုမေးပါ။ ‘သင် မည်သည့်အရာတွင် စိတ်ဝင်စားမှုပိုရှိသနည်း၊ သူ့အကြောင်းလား၊ သူ သင့်အပေါ် ထားရှိသည့်ထင်မြင်ချက်ကိုလား’။

ကျွန်မတို့သည် အခြားသူများ ကျွန်ုပ်တို့အပေါ် မည်သို့ခံစားချက်ရှိသည်ကို သိနိုင်ပြီး ထိုခံစားချက်ကို တုံ့ပြန်သည့်အသံမှလည်းကောင်း၊ အကြည့်မှ လည်းကောင်း၊ ကိုယ်နေဟန်ထားမှလည်းကောင်း၊ အခြားသင်္ကေတများစွာတို့မှလည်းကောင်း အခြားသူများ ကျွန်ုပ်တို့အပေါ် မည်သို့ခံစားချက်ရှိသည်ကို ဖော်ထုတ်နိုင်သည်။ ကျွန်မတို့ကို ရှင်းထုတ်သည်၊ ကြိုးကိုင်ခြယ်လှယ်သည်၊ သို့မဟုတ် ကျောသည်ဆိုပါက ကျွန်မတို့သိနိုင်သည်။ ထိုသဘောထားကို အပေါ်ယံချိုသာမှုတို့အောက်တွင်ဖုံးကွယ်ထားသော်လည်း ကျွန်မတို့ ခံစားသိရှိနိုင်သည်။ ကျွန်မတို့၏လိုအင်ဆန္ဒများကို လုံးဝဂရုမထားဘဲ ကျွန်မတို့ထံမှ တစ်ခုခုလိုချင်သည့် အာသီသရှိပါကလည်း သိနိုင်သည်။ အခြားသူများ သိရှိတုံ့ပြန်သည့်အရာမှာ လူတစ်ဦးက ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှုကို  အသုံးချနေသည့်အခါ ကျွန်မတို့ကို မည်သို့သဘောထားသည်ဆိုခြင်းပင်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts