ကျေနပ်စေလိုသည့်ရောဂါ။

ကျေနပ်စေလိုသည့်ရောဂါ။

(The disease to please)

သင်သည် ‘ကျေနပ်စေလိုသည့်ရောဂါ’ စွဲကပ်နေသူတစ်ဦးဖြစ်ပါသလား။ ဤလူသိများသည့် စကားရပ်သည် အရောင်းသွက်စာအုပ်တစ်အုပ်၏ ခေါင်းစီးအမည်ဖြစ်သည်။ နေ့အချိန် တီဗီဆွေးနွေးခန်းများတွင် မကြာခဏ ကြားရသည့် စကားရပ်ဖြစ်သည်။ သို့သော် သင့်ပတ်ဝန်းကျင်မှလူတစ်ယောက်မကျန် ပျော်ရွှင်နေစေရမည်ဟု ရောဂါသည် အောက်ဖော်ပြပါအရင်းခံအကြောင်းများ ရှိကောင်းရှိမည်။

သင်၏ပူပန်မှုကို ကြင်နာစိတ်ရှိမှု၊ သို့မဟုတ် ချိုသာမှုဖြင့် တန်းတူထားသည်။

ပူပန်မှုသည် ခင်မင်ရင်းနှီးမှု၊ သစ္စာစောင့်သိမှု၊ ကျွမ်းကျင်လိမ္မာသော မိဘအုပ်ထိန်းမှု၊ သို့မဟုတ် အလုပ်ကျင့်ဝတ်တို့၏ထုတ်ဖော်ပြသမှုတစ်ခု မဟုတ်ပါ။ ယင်းသည် စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ့မှု၊ သို့မဟုတ် ယုံကြည်မှုကင်းမဲ့ခြင်းကို ထုတ်ဖော်ပြသသည်။ သင့်ပြဿနာများကို သင် ဖြေရှင်းသလို အခြားသူများလည်း သူတို့ပြဿနာများကို သူတို့ဖြေရှင်းလိမ့်မည်ဟု ယုံကြည်ပါ။ လူတစ်ဦးတစ်ယောက်ကို သင် သူ့အတွက် စိတ်ပူနေသည်ဟု ပြောခြင်းသည် သူတို့ဘဝကို သူတို့ ကိုင်တွယ်ဖြေရှင်းရန် အရည်အချင်းမရှိဟု သင့်ထင်မြင်ချက်ကို သင်အခိုင်အမာ ဖြစ်စေသည်။

သင်သည် ကူညီတတ်သူတစ်ဦးအဖြစ်သော ကိုယ်စားပြုသည်

ကျွန်မတို့လောကမှ မိဘများကို ရဲများ၊ မီးသတ်သမားများ၊ ဆရာ/ ဆရာမများ စသည့် အကူအညီပြုသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ပေါင်းစပ်ပါက သင့်အနေဖြင့် ‘အကူအညီပေးသူများ’ ဟု သူတို့ဘာသာသူတို့ ရှုမြင်သူအတော်များများကို ရရှိပါမည်။ သင့်ကိုယ်သင် ကူညီတတ်သူအဖြစ်သာမြင်ပြီး အခြားအမြင်မရှိလျှင် ပြဿနာပေါ်ပေါက်ပါသည်။ ကူညီခြင်းကဏ္ဍသည် မွန်မြတ်ပြီး အဓိပ္ပာယ်ရှိသောလည်း ယင်းသည် သင်၏တစ်ခုတည်းသော ဖန်ရှင် မဟုတ်ပါ။ ယခုတစ်ပတ်တွင် ဤတိမ်းညွတ်မှုကို သင့်အနေဖြင့် သတိပြုရုံသာပြုပြီး အခြားလူများ ဘာလုပ်သည်ကို သတိပြုလေ့လာပါ။

သင့်အနေဖြင့် အခြားသူများ၏ ပြဿနာများကို ဖြေရှင်းနိုင်အောင် စီစဉ်ပေးခြင်းနှင့် ‘လွန်ကဲစွာ ကူညီခြင်း’ အလေ့အထကို စွန့်ပယ်ရန် အစွမ်းကုန် ကြိုးစားပါ။ ထိုအခါ သင့်အနေဖြင့် ဖိစီးမှုလျော့နည်းခြင်း၊ အားလပ်ချိန် ပိုများခြင်းနှင့် သာတူညီမျှပိုရှိသည့် ဆက်ဆံရေးရှိလာခြင်းတို့ကို သင်သတိပြုမိမည့်အလားအလာရှိသည်။


မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင်မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts