ဝံပုလွေလို လူတစ်ချို့လောကမှာ သိပ်ပေါတယ်

ဝံပုလွေလို လူတစ်ချို့လောကမှာ သိပ်ပေါတယ် : တစ်ခါတုန်းက ဝံပုလွေတစ်ကောင်ဟာ သားကောင်ကို အငမ်းမရ စားရင်းလည်ချောင်းထဲမှာ အရိုးတစ်ချောင်းကန့်လန့်ခံသွားတယ်။ အရိုးကို အန်ထုတ်လို့လည်းမရ မျိုချလို့လည်း မရတာကြာင့် လည်ချောင်းမှာ နာကျင်တဲ့ ဝေဒနာခံစားနေရတဲ့အပြင် နောက်ထပ် ဘာအစားအသောက်မှ ထပ်စားလို့မရတော့တဲ့အတွက် ဆာလောင်မှု ဝေဒနာကိုပါခံစားနေရတယ်။

ဒါနဲ့ ဝံပုလွေဟာ သူလည်ချောင်းထဲကန့်လန့်ခံနေတဲ့အရိုးကိုထုတ်ပေးနိူင်မယ့် သတ္တဝါကိုစဉ်းစားကြည့်လိုက်တော့ကြိုးကြာငှက်ကို စဉ်းစားမိပါတယ်။ ကြိုးကြာငှက်ဟာ နှုတ်သီးကလည်း ရှည်လည်ပင်းကလည်း ရှည်တာမို့သူ့လည်ချောင်းထဲကို နှုတ်သီး ထိုးသွင်းပြီးအရိုးကိုဆွဲထုတ်ပေးလို့ ရနိုင်တယ်လို့ တွေးမိလိုက်တယ်ဒါနဲ့ သူဟာ ကြိုးကြာငှက်ရှိရာကို သွားပြီးတောင်းပန်၍ အကူအညီတောင်းတယ်။

အဆွေ ကျွန်ုပ်ကို ကူညီပါ ကျွန်ုပ်ရဲ့လည်ချောင်းထဲမှာ အရိုးတစ်ရိုး ကန့်လန့်ခံနေတာမို့ မစားနိူင်မသောက်နိုင်ဖြစ်နေတာကြာပါပြီ သင့် နှုတ်သီးနဲ့ကိုက်ပြီး ဆွဲထုတ်ပေးရင်ရနိုင်ပါတယ်အဲဒီအရိုးသာ ထွက်သွားရင် ကျွန်ုပ်က သင့်ကိုကျေးဇူးဆပ်ပါ့မယ်။

ဝံပုလွေရဲ့ တောင်းပန်မှုကြောင့်ကြိုးကြာငှက်က ဝံပုလွေကို ပါးစပ်ဟခိုင်းလိုက်ပါတယ်။ သူ့ရဲ့ ရှည်လျှားတဲ့ နှုတ်သီးနဲ့ သေးသွယ်တဲ့လည်ပင်းကို ဝံပုလွေရဲ့ အားခေါင်းကတစ်ဆင့် လည်ချောင်းထဲထိုးသွင်းပြီး ကန့်လန့်ခံနေတဲ့အရိုးကို ကိုက်ချီဆွဲထုတ်ပေးလိုက်တယ်။ ဝံပုလွေလည်း ဝေဒနာပျောက်ကင်းသွားတာမို့ ဝမ်းသာအားရ ဖြစ်သွားတယ်။ ကြိုးကြာငှက်ကို ကျေးဇူးတင်စကားပြောပြီး ပြန်လှည့်အထွက် ကြိုးကြာငှက်က နောက်ကနေ လှမ်းမေးတယ်။

အဆွေ အသင်ပြောတော့ အရိုးထွက်သွားရင် ကျွန်ုပ်ကိုကျေးဇူးဆပ်မယ်ဆို ဘာဖြစ်လို့လှည့်ထွက်သွားတာလဲ။ ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့်ကြည့်ပြီးပြောလိုက်တယ်။ အသင် ကျွန်ုပ် အသင့်ကိုကျေးဇူးဆပ်ခဲ့ပြီးပါပြီ။ ကျွန်ုပ်ရဲ့အာခံတွင်းထဲ ရောက်လာတဲ့ သင့်ဦးခေါင်းကိုကိုက်မဖြတ်ဘဲ ထားလိုက်တာ ကျေးဇူးဆပ်တာပဲပေါ့။ အသင့်ကို သတ်ဖြတ်မစားသွားတာကိုပဲ ဝမ်းသာပါတော့။

ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအတွက် ထည့်မစဉ်းစားပေးတဲ့ ဝံပုလွေနဲ့အလားသဏ္ဍာန်တူ လူ့ပတ်ဝန်းကျင်မှာလည်း ထိုဝံပုလွေလို လူတွေ ပေါများပါတယ်။ သူတို့အတွက် မိမိက ဘယ်လိုပဲ ကောင်းတာကူညီခဲ့၊ လုပ်ပေးခဲ့စေကာမူ သူတို့အတွက် နောက်ထပ်အခွင့်အရေးသာ ဆာလောင်တောင့်တနေမှာပါ။

မေတ္တာ တရားလည်း မခံစားတတ်။ ကျေးဇူးတရားလည်း မသိတတ်။ ကျွေးသောလက်ကို ပြန်ကိုက်ဖြတ်မဲ့ လူတစ်ချို့လည်း ကြုံကြရမှာပါ။ အဲဒီလိုလူမျိုးတွေနဲ့ကြုံရင် နောက်ထပ်ဒုက္ခပေးမသွားတာကိုပဲ ကိုယ်ကပြန်ဝမ်းသာရပါလိမ့်မယ် ကျေးဇူးတင်ရမယ်။ နောက်ထပ်အထူး သတိထားဆက်ဆံရပြီ ဖြစ်ပါတယ်

Nang Naunge Ying page မှ ကူးယူဖော်ပြသည်။

သုတ

openmoreonline

Related Posts