ဝက်သားဟင်းလေးချက်

ဝက်သားဟင်းလေးချက်

ပါဝင်သောပစ္စည်းများ

  • ဝက်သား – တစ်ပိဿာခန့်
  • မန်ကျည်းမှည့်ရည် – အတန်အသင့်
  • မက်လင်ရည် – အတန်အသင့်
  • ဆီးဖြူသီးအရည် – အတန်အသင့်
  • မရမ်းသီးအရည် – အတန်အသင့်
  • ရှောက်သီး – အတန်အသင့်
  • ငါးပိကောင်းကောင်း – အတန်အသင့်
  • ဆားလှော် – အတန်အသင့်
  • ဖန်းခါးသီး – သင့်ရုံ
  • ငါးသိုင်းကြမ်း – အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

*ဝက်သားကို လက်လေးသစ်၊ ငါးသစ်ခန့် အရွယ်တော် အတုံး တုံးပါ။ ပြီးမှ ရေစင်စင် ဆေးကြောထားပါ။ ထို့နောက် ဆားနည်းနည်းထည့်၍ နယ်ပေးပါ။ ထို့နောက် နေရိပ်တွင်လှန်းထားရမည်။ ကြာကြာမလှန်းရ။

*ပြီးလျှင် မန်ကျည်းသီး အမှည့်ရည်၊ မန်ကျည်းသီးအစိမ်း ကျိုပြီးအရည်၊ မက်လင်ရည်၊ ဆီးဖြူသီးအရည်၊ မရမ်းသီးအရည်၊ ရှောက်သီးမှည့်အရည် များအားဖျော်ပါ။ ပိတ်ဖြင့် စစ်ထားပါ။

*၎င်းနောက် အရည်ကို ဝက်သားထဲထည့်ပြီး ကျိုရမည်။ ထို့နောက် ငါးပိနှင့် ဆားလှော်ကို သင့်တင့်ရုံမျှ ထည့်လိုက်ပါ။ ဆီးဖြူသီး အမြှောင်းနှင့် ဖန်းခါးသီးတို့ကို တန်သင့်ရုံခတ်ပြီး နေထွက်ကနေ နေဝင်သည်အထိအောင် ကျိုပါ။ မိုးသောက်လျှင် တစ်မွန်းတည့်ခန့် ထပ်ကျိုပါ။

*မီးပြင်းရန်မလို။ မီးပြင်းလျှင် လျှော့ပေးပါ။ နှစ်ရက်သုံးရက် ကျိုပေးနိုင်လျှင် ကောင်းပါသည်။ ထိုကဲ့သို့ နေ့စေ့သွားပြီဆိုပါက နေပူတွင် ခံထားရဦးမည်။ ပြီးမှ ငါးသိုင်းငါးကြမ်းကို ညက်ညက်ထောင်းထည့်၍ ထပ်ကျိုပေးပါ။ ဝက်သားဟင်းလေးချက်နည်း ပြီးပါပြီ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts