တတိယလူ

လူငယ်လေးတစ်ယောက်ဟာ အောင်မြင်ကြီးပွားချင်လို့ အရမ်းအောင်မြင်ကြီးပွားနေတဲ့ သူဌေးကြီးတစ်ယောက်ကို မေးလိုက်တယ်။ သူလည်း အောင်မြင်ကြီးပွားချင်လို့ ဘယ်လိုလုပ်ရမလဲတဲ့။ သူဌေးကြီးက ခုလိုပြန်ဖြေတယ်။ “လောကကြီးမှာ လူ သုံးမျိုးသုံးစားရှိကြတယ်။

  • ပထမလူတွေက တစ်နေကုန် အလုပ်ကို အရမ်းကြိုးစား လုပ်နေကြတယ်။
  • ဒုတိယလူတွေက တစ်နေ့ကုန် ဘာမှမလုပ်ဘဲ ကြီးပွားချမ်းသာဖို့ အိပ်မက်ပဲ မက်နေကြတယ်။
  • တတိယလူတွေက တစ်နေ့ကို တစ်နာရီပဲ အိပ်မက်မက်တယ်။ ကျန်တဲ့အချိန်တွေမှာ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြတယ်။

တတိယလူဖြစ်အောင်ကြိုးစား။ အဲဒီလိုလူမျိုးကရှားလို့ အပြိုင်အဆိုင်နည်းတယ်။ သေချာပေါက် အောင်မြင်မယ့်နည်းပဲ”တဲ့။ ကျနော်ရဲ့ ဒုတိယစာအုပ်ဖြစ်တဲ့ “ဆင်းရဲနွံမှ ချမ်းသာဘုံသို့” စာအုပ်ထဲမှာ ရေးပြထားသူတွေဟာ တတိယလူတွေ ဖြစ်ကြပါတယ်။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts