လူမှန်လျှင်မှားမည်ပင်။

လူမှန်လျှင်မှားမည်ပင်။

(To err is human)

ရေရှည်အသက်မွေးဝမ်းကျောင်းလုပ်ငန်း အောင်မြင်မှုအတွက် သင်၏စကားလုံးများနှင့် လှုပ်ရှားမှုများမှတစ်ဆင့် အမှားများအကြောင်း ပြောဆိုခြင်းနှင့် သင်ယူခြင်းသည် အရေးကြီးကြောင်း သရုပ်ပြရန် ဆန္ဒရှိခြင်းဖြင့် အခြားလူများ၏ အတွေ့အကြုံများကိုလည်း မျှဝေရန် အခွင့်အလမ်းပေးသည်။ သင်သည် ပြီးပြည့်စုံသူတစ်ဦး မဟုတ်ကြောင်း ဝန်ခံရန်မှာ သတ္တိရှိဖို့ လိုသည်။ အခြားသူများ၏ ဆင်းရဲဒုက္ခ ကြုံတွေ့ရပြီး သေရေးရှင်ရေးတမျှ လမ်းညွှန်ချက် လိုအပ်နေသည့် အခါမျိုးတွင် သင်၏ လူသားချင်း ရိုင်းပင်းမှုစိတ်ဓာတ်ဖြင့် မျှဝေခံစားရန်မှာ သနားကြင်နာမှု လိုအပ်သည်။ နောက်ဆုံးအနေဖြင့် သင့်လုပ်ဖော်ကိုင်ဖက်က မှားယွင်းလုပ်ကိုင်မိသည့်လုပ်ရပ်ကို ပြင်ရန်၊ သို့မဟုတ် တိုးတက်ကောင်းမွန်စေရန် သတင်းအချက်အလက် ပေးဖို့အတွက် ပညာဗဟုသုတလိုသည်။

    လူသားဆန်စွာ ဖြစ်ပျက်ရခြင်း၊ အမှားများလုပ်မိခြင်း၊ ထိုအမှားများမှ သင်ယူခြင်းတို့သည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း အခြားသူများကို သိစေပါ။

ပြီးပြည့်စုံသည်ဟု ဟန်‌ဆောင်ခြင်းသည် မည်သူ့ကိုမှ ဘာမှမသင်ပေးခဲ့ပါ။ အမှန်တကယ် မိမိ မည်သူမည်ဝါဆိုသည်ကို အခြားသူများမသိအောင် ဖုံးကွယ်ထားခြင်းသာဖြစ်သည်။ ထိုအပြုအမူကို ‘ထူးကဲသောခေါင်းဆောင်မှု’ အရည်အချင်းတစ်ခုအဖြစ် တွေ့နိုင်မည်မဟုတ်ဟု ကျွန်မ ထင်ပါသည်။


ယနေ့ ရုန်းကန်လှုပ်ရှားနေရသူများကို ကူညီရန် ကြိုးစားပါ။ တစ်ဦးတစ်ယောက်က သင့်ထံ ပြဿနာတစ်ခုအကြောင်း ပြောလာပါက သင်၏ အလားတူ အတွေ့အကြုံနှင့် သင်မည်သို့ကျော်ဖြတ်ခဲ့သည်ကိုမျှဝေလိုက်ပါ။ သင်၏ နာကျင်ဖွယ်ရာ မှတ်မိနေသည့် အတွေ့အကြုံများကို ယနေ့ နာကျင်ဝေဒနာခံစားနေရသူတစ်ဦးအား ကူညီနိုင်ရန် အသုံးပြုပါ။


မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

#OpenYourBussnessOnline

Related Posts