hapeye

စီစဉ်ဆောင်ရွက်ခြင်းနှင့် အချိန်ကိုစီမံကိုင်တွယ်ခြင်း။

(Organizing and Time Management)

မပြီးဆုံးသေးသည့်လုပ်ငန်းတာဝန်တစ်ခုကို မြဲမြဲကိုင်ထားခြင်းလောက် မည်သည့်အရာကမှ ပင်ပန်းနွမ်းလျမှု မရှိစေပါ။

William James


အချိန်ကိုစီမံကိုင်တွယ်ခြင်းနှင့်စနစ်တကျရှိစေခြင်း

(၁) အလုပ်များကိုစတင်ခြင်းအပေါ် အာရုံထားပါ။ အပြီးသတ်ရန် အာရုံမထားပါနှင့်။ အကြီးမားဆုံး စိန်ခေါ်မူမှာ ပထမခြေလှမ်းကိုလှမ်းခြင်းနှင့် လုပ်ငန်းစတင်ခြင်းဖြစ်သည်။ သင် အကြီးအကျယ် စိုးရိမ်ပူပန်သည့် ပရောဂျက်တစ်ခုဆီသို့ ဦးတည်ပြီးသွားနိုင်ခြင်းအတွက် ခံစားချက်ကောင်းမွန်သည်။ ခြေတစ်လှမ်းလှမ်းတိုင်းတစ်ခုခု အသစ် စတင်သည့်အနေဖြင့် မြင်ပါ (အဆုံးသတ်နိုင်ရန်လုပ်နေသည့်အနေဖြင့် မမြင်ပါနှင့်)။

(၂) နေ့စဉ် မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပျက်ပါမည်။ ယုံလိုက်ပါ။ ‘အောင်မလေး’ တရန် အချိန်ဇယား ချထားပါ။

(၃) သင် စဉ်းစားခြင်းကို စာရွက်ပေါ်တွင် ချရေးပါ။ ဦးခေါင်းထဲတွင် မထားပါနှင့်။ စိတ်ထဲမှအရာများကို ချရေးခြင်းသည် မရေရာမှုနှင့် ဖိစီးမှုကို ချိုးနှိမ်ပါသည်။ ဦးတည်ချက်များ၊ လုပ်ရန်ရှိများ၊ ပြဿနာများအားလုံးကို ချရေးပါ။ သင့်ဦးခေါင်းထဲတွင် ဘာ့ကြောင့်ထားမည်နည်း။ အားကုန်စရာပင်။

(၄) မှတ်စုစာအုပ်တစ်အုပ်ထားပြီး ရက်စွဲ တပ်ထားပါ။ သင့်မှတ်စုများအားလုံး ထိုစာအုပ်တွင်ရေးမှတ်ပါ။ တစ်ရွက်ချင်း လွတ်နေသော စာရွက်များပေါ်တွင် မရေးပါနှင့်။ ယင်းတို့သည် ပျောက်ရန်လွယ်ကူပြီး လိုချင်သည့်အခါ ဖဲကုလားဖန်ထိုးသလို ပြန်ရှာရသည်။

(၅) သင့်အနေဖြင့် ‘အောင်မလေ’ အချိန် (အထက်ပါ- ၂) ကို အသုံးချဖို့ လိုအပ်ချက် မရှိလျှင် ထိုအချိန်ကို သင့်ဖိုင်များ ရှင်းလင်းရန် အသုံးချပါ။ ကျွန်မ လွန်ခဲ့သည့် ရှစ်နှစ်မှ ဆယ်နှစ်အထိ ဟောင်းသောဖိုင်တွဲများရှိသည့် စားပွဲများကို စစ်ဆေးဖူးသည်။ ထိုရှေးဟောင်းစာရွက်စာတိုများကို ပုံမှန်ပြန်ကြည့်ဖို့ထားခြင်းတော့မဟုတ်။ ခေတ္တကြည့်ပြီး နောက်ထပ်မကြည့်တော့သည့် ဗြုတ်စဗျင်းတောင်းများဖြစ်သည်။

(၆) လွှင့်ပစ်သင့်သည့်အကြောင်း သင့်ကိုယ်သင် မေးပါ။ ‘ဒီစာရွက်တွေကို လွှင့်ပစ်ရန် ဘာအဆိုးဆုံးဖြစ်နိုင်မလဲ’။ များသောအားဖြင့် သင့်အဖြေနှင့် သင်အဆင်ပြေပါသည်။ များသောအားဖြင့် တကယ်အရေးကြီးသည့်အချက်ဆိုလျှင် အစားထိုး ပြန်ရှာယူနိုင်ပါသည်။

(၇) စာရွက်များကို လွှင့်ပစ်ခြင်းသည် သင့်ကို စိုးထိတ်စေပါက အံဆွဲတစ်ခု၊ သို့မဟုတ် ဖိုင်တွဲတစ်ခု သီးသန့်ထားပြီး သင် လွှင့်ပစ်ရန် မသေချာသည့် စာရွက်များကို ရက် ၉၀ သိမ်းထားပါ။ ထို သိမ်းဆည်းစာရွက်များကို ရက် ၉၀ အတွင်း အသုံးပြုရန် လိုအပ်ချက် မရှိလျှင် သင်စိတ်ပေါ့ပါးစွာဖြင့် လွှင့်ပစ်လိုက်နိုင်သည်။


“လူတွေရဲ့အကောင်းဆုံးမိတ်ဆွေက (ခွေးက လွဲရင်) ဘာလဲ။

အမှိုက်ခြင်းပေါ့။”

Business Week

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts