hapeye

မိဘများက ကိုယ့်သားသမီးကို တိုးတက်စေချင်ရင်

လူတွေဟာမွေးကတည်းက ဗီဇလေးတွေပါလာတယ်။ တစ်ချို့ကလေးတွေဆိုရင် သူ့ကိုမုန့်ပေးတယ်ဆိုရင် သူတစ်ယောက်တည်း တိတ်တိတ်လေးကုတ်ပြီး စားတယ်။ တစ်ချို့ကလေးတွေကတော့ သူရှိတဲ့ မုန့်ကလေးကိုဖဲ့ပြီး သူများကိုပေးတယ်။ အဲဒီတော့ဗီဇပါလာတယ်ဆိုတော့ ကိုယ့်အိမ်က အိမ်သားထဲမှာကို ကြည့်ရင်သိနိုင်တယ်။ ဘယ်သူကတော့ အများအကျိုးကို စဉ်းစားတယ်။ ဘယ်သူကတော့ ကိုယ့်အကျိုးအတွက်သာ ရှာတယ်ဆိုတာ ငယ်ငယ်ကတည်းက ဗီဇပါလာတယ်။

ပါလာပေမယ့် မိဘများက ကိုယ့်သားသမီးကို တိုးတက်စေချင်တယ်ဆိုရင် ချောင်ထဲမှာသွားပြီး သူ့ရှိတဲ့မုန့်ကို တစ်ယောက်တည်း စားတတ်တဲ့ကလေးကို

‘ မင်းဒီလိုလုပ်လို့ရှိရင် တစ်ခြားလူ မုန့်ရရင်လည်း မင်းကို ပေးမှာ မဟုတ်ဘူး။ သားမုန့်တွေကို သားတစ်ယောက်တည်း ကုပ်ပြီးစားရင်၊ သားအကိုတွေ သားညီတွေ မုန့်ရလာရင် သားကို ဝေပြီးစားမှာ မဟုတ်ဘူး ’

ဆိုပြီးတော့ ငယ်ငယ်ကတည်းက အများအကျိုးဆောင်တတ်အောင် သင်ပေးရမှာပေါ့

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts