လူချစ်လူခင်များတဲ့ သူတွေလုပ်လေ့ရှိတဲ့ အကျင့်(၉)မျိုး

လူချစ်လူခင်များတဲ့သူတွေလုပ်လေ့ရှိတဲ့အကျင့်(၉)မျိုး ကို ဖော်ပြလိုက်ပါတယ်။

  • ဖြတ်မပြောပဲနားထောင်ခြင်းသူတို့တွေက သင်စကားပြောနေရင် ဘယ်တော့မှဖြတ်ပြောလေ့မရှိပါဘူး။ သင့်ခံစားချက်တွေကို အမှန်တကယ်စိတ်ရင်းနဲ့ သေသေချာချာကို နားထောင်ပါတယ်။ သင့်ပြောတာကို စိတ်ရှည်ရှည်နဲ့ ပြီးဆုံးတဲ့အထိနားထောင်လေ့ရှိပါတယ်။
  • လှိုက်လှိုက်လှဲလှဲပြုံးလေ့ရှိခြင်းလှိုက်လှိုက်လှဲလှဲပြုံးပြခြင်းက လူသားအားလုံးကိုနွေးထွေးစေပါတယ်။ဒါကို သူတို့က ကောင်းကောင်းကြီးသဘောပေါက်တဲ့အပြင် အသုံးလည်းအသုံးချတတ်ပါတယ်။
  • အမိန့်ပေးသောပုံစံဖြင့်စကားမပြောခြင်းသူတို့ကဘယ်တော့မှ အမိန့်ပေးတဲ့ပုံစံနဲ့စကားပြောလေ့မရှိပါဘူး။ သူများလည်းပြန်ပြောလို့ရအောင် လမ်းခင်းပေးထားပါတယ်။ သူတို့ရဲ့အသံကိုက နွေးထွေးမှုရှိပါတယ်။
  • ရယူလိုခြင်းမရှိပဲပေးကမ်းခြင်းသူတို့က ဘယ်လိုတုံ့ပြန်မှုမျိုးကိုမှ မမျှော်လင့်ပဲ ပေးကမ်းတတ်ကြပါတယ်။
  • ဆင်ခြေမများပဲပျော်ရွှင်စွာနေထိုင်တတ်ခြင်းသူတို့က မလိုအပ်တဲ့အကြောင်းပြချက်တွေ ပေးလေ့မရှိပါဘူး။ သူတို့ဘယ်လိုပျော်ရွှင်အောင်နေရမလဲ ဆိုတာကိုပဲ ဂရုစိုက်ပါတယ်။ ဆင်ခြေတွေအများကြီးနဲ့ ပတ်၀န်းကျင်ကို စိတ်အနှောက်အယှက် မပေးတတ်ပါဘူး။
  • ကတိမမေ့တတ်ခြင်းသူတို့က ဘယ်တော့မှကတိကိုမမေ့တတ်ပါဘူး။ ကတိထိန်းသိမ်းခြင်းကို သူတို့ဘ၀ရဲ့အရေးအကြီးဆုံးအရာအဖြစ်ခံယူထားပါတယ်။ မပိုင်နိုင်ပဲလည်း ကတိပေးလေ့မရှိပါဘူး။ပေးပြီးသားကတိလည်းပျက်လေ့မရှိပါဘူး။
  • ခွင့်လွှတ်တတ်ခြင်းသူတို့က စိတ်အနှောက်အယှက်ဖြစ်စရာများကိုဘယ်တော့မှ စိတ်ထဲအကြာကြီးထားလေ့မရှိပါဘူး။ သူတို့ပေါ်အမှားလုပ်သူတွေကိုလည်း အလွယ်တကူခွင့်လွှတ်တတ်ပါတယ်။ စိတ်ကောက်ခြင်းမရှိတတ်ပါဘူး။
  • ရိုးသားခြင်းသူတို့က စကားအမှန်ကိုပဲပြောလေ့ရှိပါတယ်။ ဘယ်တော့မှမဟုတ်မမှန်လုပ်ကြံစကားမျိုးမပြောတတ်ပါဘူး။ သူတစ်ပါးထိခိုက်မည့် စကားမျိုးကိုဘယ်တော့မှပြောလေ့မရှိပါဘူး။
  • အကောင်းမြင်တတ်ခြင်းသူတို့က အကောင်းမြင်လေ့ရှိတတ်ကြပါတယ်။ သူတို့က သင့်အတွက်ဆိုးရွားတယ်လို့ထင်ရတဲ့အရာတွေကိုတောင် အကောင်းမြင်လေ့ရှိပါတယ်။

လူချစ်လူခင်များတဲ့ သူတွေလုပ်လေ့ရှိတဲ့ အကျင့်(၉)မျိုး ကို For My Dears By Adam Aung များ Page မှ ကူးယူဖော်ပြပါသည်။

သုတ

openmoreonline

Related Posts