ရှေ့မှနေ၍

ရှေ့မှနေ၍ ဦးဆောင်ပါ

ရှေ့မှနေ၍ ဦးဆောင်ပါ
— ဂန္ဓီ —
လူတွေကိုပြောင်းလဲအောင်လုပ်၍ မရ။
လူများကိုသင်မြင်ချင်သည့်အပြောင်းအလဲသည်
သင်ကိုယ်တိုင် ဖြစ်ရမည်။

ရှေ့မှနေ၍ ဦးဆောင်ခြင်းထက် ပို၍ကောင်းသော တွန်းအားပေးမှုမျိုး မရှိ။

မိမိကိုယ်တိုင်ထွက်ပြခြင်းဖြင့် တခြားလူများကို တွန်းအားပေးရာရောက်သည်။ မိမိက ဝမ်ထမ်းများအား လုပ်စေချင်သည့် အရာကို ကိုယ်တိုင်လုပ်ပြခြင်းဖြင့် ဝန်ထမ်းများ အားကျလာမည်။ ဝန်ထမ်းများ အားကျလောက်အောင် နေပါ။ ဝမ်ထမ်းများအား ပြုပြင်ပြောင်းလဲခြင်းထက် အားကျစေမှု ဖြစ်စေမည်။

ရှေ့မှနေ၍ ဦးဆောင်ခြင်းကို တွန်းအားပေးသောအကျင့်တစ်ခုအနေဖြင့် ပြုလုပ်ပါက ပိုမိုထိရောက်မှုရှိပြီး တာရှည်ခံသည်။ လူများအား လုံးဝ နက်နက်နဲနဲ ပြောင်းလဲနိုင်စွမ်း ရှိသည်။ ထို့အတွက် မိမိလူများအား လုပ်စေချင်သည်ကို မိမိက လုပ်ပြပါ။

မိမိ၏ လူများအား မှန်ကန်သောလမ်းကြောင်းပေါ် ရောက်စေချင်ပါက မိမိကိုယ်တိုင် မှန်ကန်မှုရှိပါစေ၊ မိမိ၏လူများအား အလုပ်တွင် ဂုဏ်ယူစေလိုလျှင် မိမိကိုယ်တိုင် ဂုဏ်ယူပြပါ။ ယင်းတို့အား လုပ်ငန်းဆန်ဆန် ဝတ်စားစေလိုလျှင် မိမိကိုယ်တိုင် လုပ်ငန်းဆန်ဆန် ဝတ်ပြပါ။ ယင်းတို့အား အချိန်မှန်ရောက်စေချင်လျှင် မိမိကိုယ်တိုင် စောစောလာပါ။ အချိန်မှန် ခြင်းသည် မိမိအတွက် (ယင်းတို့အတွက်ဟု မပြောဘဲ) မည်မျှအရေးကြီးသည်ကို ရှင်းပြပါ။

ဂန္ဓီနှင့် စိတ်သဘောချင်းတူသူ ဗိုလ်ချုပ်ကြီးဂျော့ဂျ်ပက်တန် က ဦးဆောင်မှုအပိုင်းတွင် (၁)စံနမူနာ၊ (၂)စံနမူနာနှင့် (၃)စံနမူမာ ဟူ၍ အခြေခံမူသုံးချက်ရှိကြောင်း ပြောခဲ့ဖူးသည်။

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသားထားသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း ၁၀၀ စာအုပ်မှ ကူးယူဖော်ပြထားသည်။ 

Related Posts