ရိုက် ညီနောင်

ရိုက် ညီနောင်

ရိုက် ညီနောင် ဟာ ပထမဆုံး လေယာဉ်ကို တီထွင်ဖို့အာသီသပြင်းစွာရှိခဲ့ကြပါတယ်။ အဲ့ဒီ လုပ်ငန်းစဉ်အတွင်းမှာ သူတို့မရေတွက်နိုင်အောင် ဆုံရှုံးခဲ့ကြတယ်။ စိတ်ဒဏ်ရာ တွေရ၊ ငွေကြေးတွေ ဆုံးခဲ့ရတယ်။ ပုံစံမျိုးစုံကို ဖန်တီးခဲ့သော်လည်း သူတို့လိုချင်တဲ့ပုံစံ လုံးဝမရခဲ့ပါဘူး။ သူတို့အသက်ကြီးတဲ့အခါ စိတ်ကျရောဂါလည်း ခံစားခဲ့ရပါသေးတယ်။
ဒါပေမဲ့ သူတို့ရဲ့ အိမ်မက်အတွက် ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး။ အမှားတိုင်းကနေ သင်ယူတယ်။ လေထဲမှာ ပျံဝဲနေနိုင်တဲ့ ပထမဆုံးလေယာဉ်ပျံကို ဒဏ္ဍာရီအလား ထင်မှတ်မှားလောက်အောင် တီထွင်ထုတ်လုပ် အောင်မြင်နိုင်ခဲ့ပါတယ်။

“မှန်တယ်လို့ လက်ခံထားတဲ့ အရာတွေ၊ မျှော်လင့်ထားတဲ့
အရာတွေအတိုင်းသာ ကျွန်တော်တို့ အလုပ် လုပ်ခဲ့မယ်ဆိုရင်
ဘာတိုးတက်မှုမှ ရှိလာမှာမဟုတ်ဘူး”

-အော်ဗေးလ် ရိုက်

အောင်စည်သာ၏ လုံးဝလက်မလျှော့လိုက်ပါနဲ့ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts