ဟီရိနှင့်ဩတ္တပ္ပ

လောကပါလတရားခေါ် လောကကိုစောင့်သော တရားနှစ်မျိုးသာရှိသည်ဟု ဘုရားဟောပါသည်။ ဟီရိနှင့်ဩတ္တပ္ပ မကောင်းမှုပြုလုပ်ရမည်ကို ရှက်ခြင်းနှင့် ပြုရမည်ကို ကြောက်ခြင်း။

ပေဖူးလွှာမဂ္ဂဇင်းတွင် မကြာသေးမီက ကိုထရိုင်အေထရီယာတမ်နှလုံးသားအမည်ရှိ ဝတ္ထုတိုတစ်ပုဒ် ကျွန်တော်ရေးခဲ့သည်။ ပန်းအလင်္ကာမဂ္ဂဇင်းက စာပေပညာရှင်တစ်ဦးက ထိုဝတ္ထုကို ချီးကျူးရုံသာမက ရေးသောကျွန်တော်နှင့် ဖော်ပြပေးသော ပေဖူးလွှာအဖွဲ့ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ရေးသားသော ကျွန်တော် မျက်ရည်ဝေ့လောက်အောင် ပီတိဖြစ်ရဖူးသည်။ ဝတ္ထုက သည်လိုပါ။

ယောက်ျားကလေးတစ်ယောက်က မိန်းကလေးနှစ်ယောက်ကို တစ်ရက်ထဲမှာပင် တရားရုံးနှစ်ခု၌ လက်ထပ်ဖို့ကြံစည်သည်။ အကြောင်းက နှစ်ယောက်စလုံးကို မစွန့်လွှတ်နိုင်၍တဲ့။ မိန်းကလေးနှစ်ယောက်စလုံးကလည်း သူ့ကိုမစွန့်လွှတ်နိုင်၊ အချင်းချင်းကြည်ဖြူကြသည်တဲ့။ ဖြစ်ချင်တော့ ဒုတိယတရားရုံးက တရားသူကြီးက တိုက်ဆိုင်မှုတစ်ခုကြောင့် မနက်က သူတခြားနေရာမှာ လက်ထပ်ခဲ့သည်ကိုသိပြီး လက်ထပ်မပေး။

“အချစ်အတွက် စွန့်စားရဲတာ”ဟု သူတို့က ဆင်ခြင်ပေးသည်။ တရားသူကြီးက “ဒါ အတ္တကြီးတာ၊ အများအပေါ် ကိုယ့်မိဘအပေါ် မေတ္တာတရားခေါင်းပါးတာဟု ချေပသည်။ စွန့်စားသည်ဆိုတာက အများအတွက် အနစ်နာခံသူတွေသာ သုံးခွင့်ရှိသည့် စကား”ဟုလည်း ပြောသည်။

ယောက်ျားတစ်ယောက်က မိန်းကလေးနှစ်ယောက်ကို လက်ထပ်တာ ဥပဒေနဲ့မငြိစွန်းဘူးဟု ကောင်လေးကပြောသည်။ တရားသူကြီးက လက်မခံ၊ လောကပါလတရားနှင့် ငြိစွန်းသည်ဟု ဆိုသည်။ နောက်ဆုံးတော့ တရားသူကြီးနိုင်သွားသည်။ (အပြင် တကယ့်အဖြစ်အပျက်မှာ တရားသူကြီး မသိလိုက်ရှာပါ။)

စာဖတ်သူတစ်ဦးက ကျွန်တော့်ကိုစာရေးသည်။ “သမီးတစ်ယောက်ရှိတဲ့အမေအနေနဲ့ အဲဒီဝတ္ထုရေးပေးတဲ့ ဆရာ့ကို သိပ်ကျေးဇူးတင်ပါတယ်” တဲ့။

ကြည့်စမ်း။ . . . သားသမီးကို အလွန်မွန်မြတ်သော အမွေပေးချင်သည့်မိဘမျိုး၊ ဟီရိနှင့်ဩတ္တပ္ပ။

သားသမီးကို ပေးရသည့် အမွေရွှေတွေ၊ ငွေတွေ၊ စည်းစိမ်တွေအရေးမကြီးပါ။ ရာထူးဂုဏ်သိန် အသိုင်းအဝိုင်းတွေနှင့် ပံ့ပိုးမှုတွေမလိုပါ။ တကယ်ပေးရမည့်အမွေက ရောင့်ရဲတတ်မှု၊ လုံ့လ၊ အရှုံးကို ရင်ဆိုင်ရဲသော စိတ်ဓာတ်၊ အများဘက်ကမြင်ပေးတတ်သော စိတ်ဓာတ်၊ ဟီရိနှင့်ဩတ္တပ္ပ မဟုတ်ပါလား။

သည်ဆောင်းပါးကိုဖတ်မိလျှင် မတစ်ထောင်သားတွေကို ထိန်းကျောင်းဆုံးမနေရသည့် ကျောင်းဆရာတစ်ယောက်၏စေတနာကို မြင်နိုင်မည်။ ပြီးတော့ စောစောက ကျွန်တော်ပြောတာကို သဘောတူနိုင်မည်ဟု ထင်ပါသည်။ မိဘက စာဖတ်သည့်မိဘမို့ သဘောတူတာပါ။ သားသမီးကိုလည်း စာကောင်းဖတ်တတ်အောင် သင်ပေးမှအဲဒါတွေ ရနိုင်မှာပါ။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ လင်္ကာရည်ကျော်၏ ဘာအမွေပေးကြမှာလဲ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts