ယဉ်ကျေးမှုပဒေသာ

ယဉ်ကျေးမှုပဒေသာ (အပိုင်း – ၄)

ယဉ်ကျေးမှုပဒေသာ (အပိုင်း – ၄) ~~~~
မိတ်ဆွေကျင့်ဝတ်(၅)ပါး

hapeye

၁။    ပေးကမ်းချီးမြှင့်
၂။    ကိုယ်နှင့်ယှဉ်ထား
၃။    စီးပွားဆောင်ရွက်
၄။    နှုတ်မြွက်ချိုသာ
၅။    သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။

အလုပ်ရှင်ကျင့်ဝတ်(၅)ပါး

hapeye

၁။    ဝစွာကျွေးမွေး
၂။    ပြုရေးစီရင်
၃။    နာလျှင်ကုစေ
၄။    ငှဝေရသာ
၅။    အခါကိုလွှတ်၊ အလုပ်ရှင်ဝတ်၊ မချွတ်ငါးခုသာ။

အလုပ်သမားကျင့်ဝတ်(၅)ပါး။

hapeye knowledge sharing

၁။    အိပ်သော်နောက်ကျ
၂။    ထသော်ကားရှေ့
၃။    ပေးမယအပ်
၄။    စေ့စပ်ဆောင်ရွက်
၅။    ကျေးဇူးမြွက်၊ ငါးချက်လုပ်သားဝတ်

ဒါယကာကျင့်ဝတ်(၅)ပါး။

hapeye knowledge sharing

၁။    မေတ္တာစိတ်သက်
၂။    ဆောင်ရွက်ချစ်ခင်
၃။    ခင်မင်နှုတ်ချို
၄။    လိုလျှင်ဖိတ်ကြား
၅။    တတ်အားလှူစေ၊ ဝတ်ငါးထွေ၊ ပြုလေဒါယကာ။

ရဟန်းကျင့်ဝတ်(၆)ပါး။

hapeye knowledge sharing

၁။    မကောင်းမြစ်တား
၂။    ကောင်းရာညွှန်လတ်
၃။    အသစ်ဟောကျူး
၄။    နာဖူးထပ်မံ
၅။    နတ်ထံတင်ရာ
၆။    မေတ္တာလည်းပြု ရဟန်းမှု၊ ခြောက်ခုလွန်သေချာ

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts