ယဉ်ကျေးမှုပဒေသာ (အပိုင်း - ၂)

ယဉ်ကျေးမှုပဒေသာ (အပိုင်း – ၂)

ယဉ်ကျေးမှုပဒေသာ (အပိုင်း – ၂) ~~~~
သည်းခံခြင်းအကျိုးတရား (၅) ပါး
၁။     လူအများက ချစ်ခင်ခြင်း။
၂။     ရန်ငြိမ်းခြင်း
၃။     အပြစ်နည်းပါးခြင်း။
၄။     ကောင်းရာသုဂတိသို့ လားရောက်ခြင်း

ပညာရှိတို့၏အကျင့် (၃) ပါး
၁။     သုခိန္တိတစိန္တိ = ကောင်းသောအကြံအစည်ကို ကြံစည်ခြင်း။
၂။     သုဘာသိတဘာသိ = ကောင်းသောစကားကို ပြောဆိုခြင်း။
၃။     သြဒါတကမ္မ = အပြစ်မရှိသည့် ကောင်းသောအလုပ်ကို လုပ်ကိုင်ခြင်း။

ပညာရှိတို့၏ လက္ခဏာ (၇) ပါး
၁။     သဒ္ဓါ = စိတ်ကြည်လင်ခြင်း
၂။     ဟီရိ = မကောင်းမှုကို ရှက်တတ်ခြင်း
၃။     သြတ္တပ္ပ = မကောင်းမှုကို ကြောက်တတ်ခြင်း
၄။     ဗဟုသစ္စ = အကြားအမြင်များခြင်း
၅။     ဝီရိယ = လုံ့လအားထုတ်ခြင်း
၆။     သတိ = မမေ့မလျော့ နေထိုင်ခြင်း
၇။     ပညာ = မြှော်မြင်ဆင်ခြင်တတ်သည့် အသိဉာဏ်ရှိခြင်း။

အောင်နိုင်ခြင်းတရား (၅) ပါး
၁။     အမျက်ဒေါသရှိသူကို အမျက်ဒေါသကင်းစွာဖြင့် အောင်နိုင်ခြင်း။
၂။     စေးနဲတွန့်တိုသူကို ပေးကမ်းခြင်းဖြင့် အောင်နိုင်ခြင်း။
၃။     မကောင်းမှုဖြင့် ယုတ်မာသူကို ကောင်းမှုဖြင့်
၄။     သစ္စာမဲ့သူကို မှန်ကန်ဖြောင့်မှန်မှုဖြင့် အောင်နိုင်ခြင်း။
၅။     ခပ်သိမ်းသော မကောင်းမှုတို့ကို ကောင်းမှုကုသိုလ်ဖြင့် အောင်နိုင်ခြင်း။

နာယကဂုဏ် (၆) ပါး
၁။     ထကြွခြင်း
၂။     နိုးကြားခြင်း
၃။     သနားတတ်ခြင်း
၄။     သည်းခံခြင်း
၅။     ဝေဖန်ခြင်း
၆။     ထောက်ရှုခြင်း

ကြီးမြင့်သူ (၃) ပါး
၁။     ဂုဏဝုတ္တိ = ဂုဏ်သရေအားဖြင့် ကြီးမြင့်သူ
၂။     ဝယဝုတ္တိ = အသက်အရွယ်အားဖြင့် ကြီးမြင့်သူ
၃။     ဇာတိဝုတ္တိ = မျိုးနွယ်အားဖြင့် ကြီးမြင့်သူ

ငါးပါးသီလပျက်စီးသူ
၁။     အသက်ရှင်လျက်သေနေသူမည်၏။
၂။     အမှိုက်သဖွယ် စွန့်ပစ်အပ်သောသူမည်၏။
၃။     အနံ့မကောင်းသော အကောင်ပုပ်နှင့် တူ၏။
၄။     ဦးခေါင်းမရှိသောသူနှင့် တူ၏။

လယ်တီဆရာတော်ဘုရားကြီး၏ လူမှုရေးအဆုံးအမ
၁။     ဘုရား၊ တရား၊ သံဃာ၊ ရတနာကို၊ မခြားနေ့ည၊ ရှိခိုးချ
၂။     သရဏဂုံ၊ သုံးပါးစုံကို၊ ခိုလှုံအမြဲ၊ နေ့ညစွဲ။
၃။     သီလငါးပါး၊ လူ့တရားကို၊ မမှားစေမှု၊ အလေးပြု။
၄။     မိဘဘိုးဘွား၊ ကြီးသူများကို၊ လေးစားသမှု ဂရုပြု။
၅။     မြွေဆိုးကျားဆိုး၊ ဘီလူးဆိုးကို၊ မတိုးဝံ့ငြား၊ ဝေးစွာရှောင်ရှား၊ ငါးပါးသီလ၊ မရှိကြသူ၊ လူမသူတော်၊ လူပျက်လူချော်ကို၊ အဖော်မပြု၊ ဝေးစေမှု။
၆။     ဓနပေါမှု၊ ကုသိုလ်ပေါရာ၊ ပညာပေါငြား၊ ပေါသုံးပါးကို၊ မနားမနေ၊ ကြိုးစားလေ။

သားသမီး (၃) မျိုးနွယ်အားဖြင့်
၁။     အတိဇာတသားသမီး = မိဘထက်၊ သီလ၊ သမာဓိ၊ ပညာအကျင့် သာလွန်သူ။
၂။     အနုဇာတသားသမီး = မိဘနှင့်သီလ၊ သမာဓိ၊ ပညာအကျင့်တူညီသူ။
၃။     အဝဇာတသားသမီး = မိဘအောက်သီလ၊ သမာဓိ၊ ပညာ၊ အကျင့်ညံ့ဖျင်းသူ။

ဒါန (၃) မျိုး
၁။     က္ကဏါန = ကြွေးသစ်ချခြင်း (သားသမီးတို့အားကျွေးမွေးခြင်း)
၂။     မောက္ခဒါန = ကြွေးဟောင်းစပ်ခြင်း (မိဘကိုပြုစုလုပ်ကျွေးခြင်း)
၃။     နိဓိဒါန = ရွှေအိုးမြှုပ်ခြင်း (ကုသိုလ်ကောင်းမှုပြုခြင်း)

ကျေးဇူးသိတတ်ခြင်းအကျိုး (၁၀) ပါး
၁။     အစားအသောက်ပေါများခြင်း
၂။     ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း။
၃။     သူခိုး ဓားပြ၊ အစိုးရတို့ အနှိပ်စက်ခံရခြင်း။
၄။     လူအများက နှစ်သက်လိုလားခြင်း။
၅။     ဂုဏ်ကျေးဇူးသတင်းကျော်ဇောခြင်း။
၆။     အခြံအရံပေါများခြင်း။
၇။     ဘုန်းကျက်သရေတိုးပွားခြင်း။
၈။     အမြင့်မှကျသော်လည်း မှီရာတည်ရာရခြင်း။
၉။     ဆင်-မြင်း-ကျွဲ-နွား-လယ်ယာစပါးတိုးပွားခြင်း။
၁၀။   ရန်သူမထိပါးနိုင်ခြင်း။

လောကဓံ (၈) ပါး
၁။     လာဘော = လာဒ်ရခြင်း။
၂။     အလာဘော = လာဒ်မရခြင်း။
၃။     ယသော = အခြံအရံပေါများခြင်း။
၄။     အယသော = အခြံအရံမများခြင်း။
၅။     နိန္ဒာ = ကဲ့ရဲ့ခံရခြင်း
၆။     ပသံသာ = ချီးမွမ်းခံရခြင်း။
၇။     သုခံ = ချမ်းသာခြင်း။
၈။     ဒုက္ခံ = ဆင်းရဲခြင်း။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts