မျှတသော

မျှတသော အစားအစာကိုစားပါ။

အခန်း(၂) | သင်၏ခန္ဓာကိုယ်ကို လောင်စာဖြည့်ခြင်း

မျှတသော အစားအစာများ စားခြင်းနှင့် ကျန်းမာသော ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများစွာကိုရရှိရန် သေချာလုပ်ခြင်းက သင်၏ရုပ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာအောင်လုပ်ရုံမကပဲ သင်၏ စိတ်ခံစားချက်ကောင်းစေရန် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုတစ်ခုလည်း ရှိလိမ့်မည်။

၅။ မျှတသော အစားအစာကိုစားပါ။

နံပါတ် (၄) အချက်ကို ဖတ်ရှုချင်လျှင် အောက်ဖော်ပြမှ linkမှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://hapeye.net/archives/6838

အချို့သောအစားအစာများက . . . နှလုံးအတွက်ကောင်းခြင်း၊ အစာကျေခြင်းအတွက် ကောင်းခြင်းကဲ့သို့ သတ်သတ်မှတ်မှတ်အရာများဖြင့် အကူအညီရရှိသည်ဟု ပြောကြသည်ကို ကျွန်တော်တို့အားလုံး သိကြသည်။ သို့သော်လည်း အလုံးစုံကျန်းမာရေးနှင့် ပတ်သက်သောအခါ အရေးကြီးဆုံးအရာမှာ အဓိကအစားအစာအုပ်စု အားလုံးပါဝင်သော ကျန်းမာရေးနှင့် ညီညွတ်သည့် မျှတသော အစားအစာဖြင့် အစပြုခြင်းဖြစ်သည်။

လုံလောက်သော ပရိုတိန်းဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်နှင့် ဗီတာမင်ကြွယ်ဝသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များစွာကို သင်ရရှိဖို့ သေချာလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးမှုအတွက် ကြီးကျယ်သော အစပြုမှုတစ်ခုကို သင်ရရှိသည်။ 

၎င်းကသင့်ကို ခန္ဓာကိုယ်တွင်းကိုယ်ပ နှစ်ဦးစလုံး၌ အလွန်နေလို့ထိုင်လို့ကောင်းအောင် လုပ်လိမ့်မည်။ မည်သည့်အစားအစာက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သည်ကို သင်ကျိန်းသေမသိလျှင် ဝက်ဆိုက်တစ်ခုက အာဟာရမျိုးစုံကြွယ်ဝသော အစားအစာများ၏ ပြည့်စုံသောစာရင်းများ ပေးလိမ့်မည်။

ဆုပြည့်စုံထွန်း(အယ်ဒီတာအဖွဲ့) ဘာသာပြန်ထားသော စိတ်ချမ်းသာဖို့ အကြံပြုချက်၅၀ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

ဘဝနေနည်း

OpenMoreOnline

Related Posts