ဘေထုပ်နဲ့Vintageကွဲပြားပါစေ : အခုတင်ထားတဲ့ ခေါင်းစဉ်ကတော့သိပြီးသားလူတွေ အတွက်က ဘာမှမဟုတ်ပေမယ့် မသိသေးတဲ့သူတွေ အတွက်တော့ ထူးဆန်းနေလိမ့်မယ် ။ ဘာလို့ဆို ဒီနိုင်ငံမှာကVintage ဆိုတဲ့ အထည်တော်တော်များများကလည်း ဘေထုပ်ထည်းကဘဲ ရတာကိုး ။ ဟုတ်ပါတယ်အဲ့ဒါကလည်း မှန်သင့်သလောက်တော့ မှန်ပါတယ် ။ Vintage တွေခေတ်စားနေတဲ့ နိုင်ငံတွေမှာတော့ Vintage Tee, Vintage Cap, Vintage အသုံးဆောင်တွေရဖို့ကို ဈေးကြီးပေးဝယ်ကြရပါတယ် ။ တစ်ကယ်တန်ဖိုးထားတဲ့ သူတွေအတွက်တော့ Vintage Teeတစ်ထည်ဟာ ရွှေထက် တန်ဖိုး ရှိပါတယ် ။ ဒါကြောင့် သူများနိုင်ငံတွေမှာ Vintage ကို ဈေးကြီးပေးဝယ်ကြသလို တန်ဖိုးထားကြပါတယ် ။
ဘေထုပ်ဆိုတာ
Bale ဆိုတာကတော့ English အခေါ်ဝေါ်ဖြစ်ပြီး အထုပ်လိုက် ထုပ်ထားတာဖြစ်လို့ မြန်မာပြည်ရောက်တော့ ဘေထုပ်ဖြစ်သွားတာပါ ။ ဘေထုပ်ဆိုတာ အလွယ်ပြောရရင်အထုပ်ထည်းက ထွက်တာမှန်သမျှကို ဘေထုပ်လို့ခေါ်နိုင်ပါတယ် ။ဘေထုပ်ထည်းမှာတော့ အတုတွေ အစစ်တွေ အသစ်တွေ အဟောင်းတွေ အကုန်ရနိုင်ပါတယ် ။ ဒါကြောင့် ဘေထည်းကပါတဲ့အထည်တိုင်း Authentic ဖြစ်မနေပါဘူး ။ Legit Checkဖို့တော့ လိုပါလိမ့်မယ် ။ ဒါမှမဟုတ် စိတ်ချရတဲ့ Page တွေမှာဝယ်ယူဖို့ အကြံပြုပါရစေ ။
Vintage Clothing
Vintage Clothing ဆိုတာကတော့ အထုပ်ထည်းကထွက်သမျှVintage Clothing ဖြစ်မနေပါဘူး ။ Vintage Teeတစ်ထည်မှာ ရှိသင့်တဲ့ Treadmark တွေ Copyright ခုနှစ်ဘာညာ နဲ့ Vintage Tee တစ်ထည်လို့ ခေါ်ရလောက်တဲ့Print တွေ Tag တွေ ရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ် ။ VintageTee တစ်ထည်ဟာ အနည်းဆုံး နှစ် ၂၀ လောက်တော့ ရှိသင့်ပါတယ်။အလွယ်နည်းနဲ့ ပြောရရင် Uniqlo တစ်ထည်မှာ ဟိုးအရင်က ခုနှစ်တွေ ထည့်ထားတာဟာ Vintage မဟုတ်ပါဘူး ။( Reproduction) လို့ အလွယ်ခေါ်ပါတယ် ။အခု နောက်ပိုင်း အသစ် လိုက်ထုတ်ထားတာတွေလည်း ရှိပါတယ် ။အပြဲအထာတွေ အဟောင်းအထာတွေ အဲ့တာတွေကလည်း Vintage မဟုတ်ပါဘူး ။ (Vintage Style) လို့တော့ခေါ်နိုင်ပါတယ် ။
ဘေထုပ်နှိုက်ခြင်း အနုပညာ
ဘေထုပ်နှိုက်တာကလည်း ထင်သလောက် မလွယ်ကူပါဘူး ။သူတို့ရဲ့ အချိန်တွေ ငွေတွေ ပညာတွေ ရင်းပြီးမှရတာပါ ။Round Two Founder Sean Wotherspoonဆိုရင် မသိတဲ့သူ မရှိသလောက်ပါဘဲ ။သူဆိုရင်လည်း သူ့ရဲ့ပညာနဲ့ သူရှာဖွေထားတဲ့ အထည်တွေကိုRound Two မှာ ပြန်တင်တယ် ။ သူ ဒီအထည်တွေကို ဘယ်လောက်နဲ့ ရခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားကြဘူး ။သူတို့ စိတ်ဝင်စားကြတာက ဒါကိုဘယ်အချိန်တင်မလည်း ။ဘာတွေပါမလည်း ။ ဘယ်တော့သွားဝယ်ကြမလည်း ။အဲ့ဒါတွေဘဲ သူတို့ စိတ်ဝင်စားကြတာပါ ။ဆိုတော့…ပြောချင်တာက ဈေးကြီးတိုင်းလည်း မကောင်းသလိုဈေးနည်းတိုင်းလည်း မကောင်းတာမဟုတ်ပါဘူး ။အဓိက ကတော့ ကိုယ်ကြိုက်နေဖို့ပါဘဲ ။(ကိုယ်အရမ်းကြိုက်နေတဲ့ အရာက လုံးဝ မိုက်နေရင်တော့ Perfectပေါ့ဗျာ)
For ဂျင်း Sellers
စောစောက Admin ပြောခဲ့သလိုဘဲ စိတ်ချရတဲ့ Page တွေတစ်ကယ်နားလည်တဲ့ သူတွေထည်းက ဝယ်ယူပါ ။ ဘာလို့ဆိုVintage Clothing အမည်ခံပြီး Sellers တွေ ကိုယ်တိုင်ကိုကGoogle မှာ ရိုက်ရှာလို့ ပေါ်လာရင် အစစ်ထင်နေတဲ့ သူတွေ အရမ်းများလာလို့ပါ ။ တစ်ချို့ကလည်း သိသိကြီးနဲ့ ဂျင်း ကြတယ်(စီးပွားရေးအတွက်ဆို Thailand ကို USA ဖြစ်အောင် ပြောဖို့ကသူတို့အတွက် အရမ်းလွယ်ကူလွန်းပါတယ်) Vintage Cultureကို ခေတ်မစားခင်ထည်းက မပျက်စီးစေချင်ရုံ စေတနာနဲ့ ပြောခြင်းပါ ။ဒါမျိုးတွေက 2020 မှာ ထည်းက ရှိကို မရှိသင့်တော့ပါဘူး ။(အနာထိလို့ စပ်တယ်ဆိုလည်း စပ်ကြပါ ![]()
![]()
)ပြီးတော့ နိဂုံးမချုပ်ခင် Admin အကြံပြုချင်တာကတော့Collector လုပ်ဖို့ဘဲဖြစ်ဖြစ် တစ်ထည်, နှစ်ထည် ဝယ်ဖို့ဘဲဖြစ်ဖြစ်ကောင်းတာကိုဘဲဝယ်ပါမကောင်းတာ နှစ်ထည်နဲ့ကောင်းတာ တစ်ထည်က ဈေးတူနေမယ်ဆိုရင် လုံးဝ မတွေဝေပါနဲ့အဖြေကအရှင်းကြီးပါ လူတိုင်းကောင်းတာ ကြိုက်ကြတာဘဲလေ ။ပိုက်ဆံ အကုန်ကျခံပြီး ဝယ်တာခြင်းအတူတူတော့ ကောင်းတာဘဲဝယ်ဖို့ အကြံပြုပါရစေ ။
2021 က စပြီး Vintage Culture ကို Bangkok ကိုမမှီရင်တောင်မှ အခုကစပြီး မှီအောင် ကြိုးစားစေချင်ပါတယ် ။အတု အယောင်တွေကို ဖယ်ရှားပြီး အစစ် အမှန်တွေနဲ့ Vintage Culture ကြီး တိုးတက်လာအောင်အားလုံး ဝိုင်းဝန်းကူညီ ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ် ။
(Sharing လုပ်ပေးခြင်းသာ ဖြစ်ပါတယ်)
crd