စာရေးသူ

မိမိ၏ အထက်အရာရှိများကို နိုင်နင်းစွာ ကိုင်ကွယ်ပါ

အပြုသဘောဆောင်သော ပြစ်တင်ဝေဖန်မှုဆိုသည်မှာ မရှိပါ။
— ဒေးလ်ကာနယ်ဂျီ —

ဂျင်းသည် စာရေးသူ ပို့ချရသည့် ကြီးမားသောဆေးရုံစနစ်ကြီး တစ်ခုလုံးအား အုပ်ချုပ်ရသူဖြစ်သည်။ စာရေးသူ တို့၏ ပို့ချချက်များကိုလည်း လက်ခံသည်။ သို့သော်လည်း သူမသည် သူမ၏ခေါင်းဆောင်မှုနှင့်ပတ်သက်၍ မေးခွန်းတစ်ခုကို အရေးတစ်ကြီး မေးလေ့ရှိသည်။
    “ကျွန်မမှာ အစီရင်ခံရမယ့် အထက်လူကြီးတွေက အများကြီးပဲ။ ကျွန်မတို့က စီအီးအို(အမှုဆောင် အရာရှိချုပ်) တစ်ယောက်နဲ့ အလုပ်လုပ်ရတာ အဆင်ပြေပြီဆိုလျှင် နောက်ထပ်စီအီးအို အသစ် တစ်ယောက်ကပြန်ရောက်လာပြန်ရော”
    “အဲဒီတော့ပြဿနာ အစစ်အမှန်ကဘာလဲ”
    “ဒီလိုပါ၊ နှစ်အနည်းငယ်အတွင်းမှာ ခေါင်းဆောင်တဲ့အပိုင်းက ခဏခဏ ပြောင်းနေသော ကျွန်မတိုု့ရဲ့ လုပ်ငန်းကို ယုံကြည်စိတ်ချမှုရှိပါတော့မလား။”
    “ယုံကြည်မှုလို့ ဆိုလိုတာလား ၊ ယုံကြည်စိတ်ချမှု ဆိုတာက တကယ်အစစ်အမှန်ဖြစ်တာနဲ့မတူဘူးလေ။ ခေါင်းဆောင်မှုအပိုင်းမှာ အပြောင်းအလဲရှိတာနဲ့ လုပ်ငန်းက ကောင်းလာတာ၊ ဆိုးလာတာ ဆိုတာ အမြဲဖြစ်မနေပါဘူး။ အရေးကြီးတာက ခေါင်းဆောင်တဲ့သူ ဘယ်လိုဘဲပြောင်းပြောင်း ဒီအပြောင်းအလဲမှာ စိတ်အေးအေးချမ်းချမ်းနဲ့ အလုပ်ဆက်လုပ်သလားဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးရမှာ ဖြစ်တယ်    ။ ပြောင်းလဲတာက အကြောင်းမဟုတ်ဘူး။ ပြောင်းလဲမှုက ဘယ်လိုအမြတ်ထုတ်ရမလဲ ဆိုတာက တကယ့်အကြောင်း”
    “အခုရှိနေတဲ့ စီအီးအိုကို ကျွန်မ မကြိုက်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ ”ဟု နာတာရှာကမေးပြန်သည်။
    “ဘာကို မကြိုက်တာလဲ”
    “ခေါင်းဆောင်တစ်ယောက်ကို ညွှန်ကြားချက်တစ်မျိုးနဲ့ ရှုပ်နေတာဘဲ။ အဲဒီလို ညွှန်ကြားချက်တွေ အမျိုးမျိုးဖြစ်နေရင် ကျွန်မတို့က ဘယ်လိုအလုပ်ဆက်လုပ်ရမှာလဲ”
    “ဒီလိုပြဿနာမျိုးကို ကြီးမားတဲ့ အဖွဲ့အစည်းတိုင်းမှာ အတိုင်းအတာတစ်ခုအထိတော့ ကြုံတွေ့ရမှာဘဲ။ သူတို့ကလူသားတွေဆိုတော့ ဒီလိုကွဲပြားမှုတွေက ရှိနေမှာဘဲ။ ဒီလိုလူတွေ အများကြီးဆီကနေ တစ်သံတည်းရှိတဲ့ ညွှန်ကြားချက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
    “ဒါကိုတော့ ကျွန်မသဘောတူပါတယ်။ ဒါပေမဲ့ ဒါကစိန်ခေါ်မှုကြီးတစ်ခုပဲ”
    “ဟုတ်တယ်။ အဲဒီစိန်ခေါ်မှုကြီးကို ရင်ဆိုင်ဖြေရှင်းရမယ်။ ရှုံးနိမ့်တာ၊ စိတ်ဓာတ်ကျတာ မဖြစ်စေရဘူး။ ဒီလိုဖြေရှင်းရင်းကနေ အပေါ်ကလာတဲ့ ညွှန်ကြားချက်တွေဟာ ကျစ်လစ်မှုရှိလာတာ၊ တူညီလာတာတွေကို ကြုံခဲ့ဖူးတယ်။ ကိုယ့်လက်အောက်ကလာတဲ့ မေတ္တာရပ်ခံချက်တွေကလည်း မေတ္တာပါလာတယ်။ ဖန်တီးမှုပါလာတယ်”
    “ဒါဆိုရင် ကျွန်မကဒီထက်ပိုကောင်းအောင် စီမံခန့်ခွဲမှုပေးသင့်တယ်လို့ ဆိုလိုတာလား”
    “အတိအကျပဲ”
    “မေတ္တာတို့၊ ဖန်တီးမှုတို့ဆိုတာ အဓိကကျတဲ့ စကားလုံးတေလား”
    “မှန်တာပေါ့”

Related Posts