ပြန်လည်စကားပြောခြင်း

မိမိနှင့် ပြန်လည်စကားပြောခြင်း

မိမိနှင့် ပြန်လည်စကားပြောခြင်း

အကယ်၍ သင့်ထံတွင် အလုပ်နှင့်ဆိုင်သော ပြဿနာ၊ ဥပမာ ရာထူးတိုးမြှင့်ပေးခံရမှုအတွက် စိတ်လှုပ်ရှားမှုရှိနေသည်ဆိုပါစို့။ ဤတွင် သင်သည် အောက်ပါစာသာများကို အဖန်တလဲလဲ ရွတ်၍ ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ “အခုလို ရာထူးတိုးပေးတာကို ခံရမှုဟာ လူတွေက ငါ့ကို ဘယ်လောက်အထိ တန်ဖိုးထားတယ်ဆိုတာကို ရောင်ပြန်ဟပ်ပြနေတာပဲလို့ ငါလက်ခံတယ်။” “ငါက ကျွမ်းကျင်မှုအသစ်တွေနဲ့ တာဝန်တွေကို ကျွမ်းကျင်နိုင်နင်းစွာနှင့် တာဝန်ယူနိုင်မှာပါ။” “ငါက ငါ့အဖွဲ့သားတွေရဲ့ အကူအညီကို ရယူနိုင်တဲ့အပြင် တစ်ချိန်တည်းမှာပဲ ငါ့လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်”

အပျက်သဘောပြောဆိုခြင်း

“ ကျွန်ုပ် ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်” ဟု ပြောခြင်း
“အကယ်၍ ထိုပစ္စည်းသာရှိခဲ့ပါမှ” ဟု ပြောခြင်း
“ကျွန်ုပ်က ဘာများ လုပ်ပေးနိုင်မှာလည်းဗျာ” ဟု‌ ပြောခြင်း

အပြုသဘောပြောဆိုခြင်း

“ကျွန်ုပ် ဆောင်ရွက်မည်မဟုတ်” ဟု ပြောခြင်း
“နောက်တစ်ကြိမ်ကျရင် ကျွန်ုပ် ဆောင်ရွက်မည်” ဟု ပြောခြင်း
“ကျွန်ုပ်တို့ အနေနှင့် အကောင်းဆုံးဖြင့် ကို ဆောင်ရွက်ပေးပါမည်” ဟု ပြောခြင်း

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

OpenYourBusinessOnline

Related Posts