မိတ်ဆွေများနှင့်

မိတ်ဆွေများနှင့် မိသားစုကို စကားပြောပါ။

၃။ မိတ်ဆွေများနှင့် မိသားစုကို စကားပြောပါ။

နံပါတ် (၂) အချက်ကို ဖတ်ရှုချင်လျှင် အောက်ဖော်ပြမှ linkမှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://hapeye.net/archives/6768

တစ်ခါတစ်ရံ၌ ကျွန်တော်တို့၏ စိတ်အခြေအနေကျဆင်းမှုကို မည်သည်က ဖြစ်ပေါ်စေသည်ကိုလည်းကောင်း၊ ကျွန်တော်တို့ကို တစ်ခုသောနည်းလမ်းဖြင့် ဘာက ခံစားရအောင်လုပ်သည်ကိုလည်းကောင်း တိတိကျကျသိရှိရန် ခက်ခဲနိုင်သည်။ ထိုသို့ဖြစ်လျှင် သင်ပြုလုပ်နိုင်သော အကောင်းဆုံးတစ်ခုက မိတ်ဆွေကောင်းတစ်ယောက် သို့မဟုတ် မိသားစုဝင်တစ်ယောက်ကို စကားပြောခြင်းဖြစ်သည်။

သင်၏အတွေးများကို စကားလုံးများအဖြစ်သို့ပြောင်းလဲခြင်းက သင်၏ခံစားချက် မည်သည့်နေရာက လာသည်ကို နားလည်ရန် သင့်ကို ကူညီနိုင်သည်။

အထူးသဖြင့် အခြားလူအများက သင် ခွဲခြားမသတ်မှတ်နိုင်ခဲ့သော ထိုးထွင်းသိမြင်မှုများကို သင့်အား ပေးနိုင်သောကြောင့်ဖြစ်သည်။ နောက်ပြီး သင်၏ မိတ်ဆွေများနှင့် မိသားစုက သင့်ကို အကောင်းထင်တတ်ကြသည်။ သင်၏ပင်ကိုယ်စရိုက်နှင့် စွမ်းဆောင်ချက်တို့နှင့် ပတ်သက်၍ သူတို့ထံမှ အပြုသဘောဆောင်သော မှတ်ချက်များကို ကြားရခြင်းက သင့်ကိုယ်ကို ယုံကြည်စိတ်ချမှုကို အမှန်တကယ် မြှင့်တင်ချက်တစ်ခုဖြစ်နိုင်ပြီး သင် စိတ်ချမ်းသာအောင် ကူညီနိုင်သည်။

ဆုပြည့်စုံထွန်း(အယ်ဒီတာအဖွဲ့) ဘာသာပြန်ထားသော စိတ်ချမ်းသာဖို့ အကြံပြုချက်၅၀ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

ဘဝနေနည်း

OpenMoreOnline

Related Posts