မသိစိတ်ရဲ့ စွမ်းအား

မသိစိတ်ရဲ့ စွမ်းအား အရင်ဆုံး Conscious Mind(သိစိတ်) နဲ့ Subconscious Mind( မသိစိတ်) ကွာခြားချက်လေးကို အရင်ဆုံးရှင်းပြပါမယ်။ သိစိတ်နဲ့ မသိစိတ် ကို မျက်လုံးထဲမြင်အောင် Titanic သင်္ဘာကြီး တိုက်ခဲ့တဲ့ ရေခဲတောင်ကြီးကို မြင်ယောင်ကြည့်ပါ။ အဲ့ရေခဲတောင်ကြီးက အပေါ်ယံမှာတွေ့ရတဲ့ ရေခဲတောင်သေးသေးလေးက ကျွန်တော်တို့ရဲ့ သိစိတ်ပေါ့​အောက်ခြေကတော့ မသိစိတ်ပေါ့ ။ Titanic လိုကမ္ဘာ့အကြီးဆုံး သင်္ဘာကြီး နစ်မြုပ်သွားအောင်လုပ်နိုင်တာ အပေါ်ယံရေခဲတောင်သေးသေး လေးကြောင့် မဟုတ်ပဲ သူ့ရဲ့အောက်မှာရှိတဲ့အရမ်းကို ထုထည်ကြီးမားတဲ့ ရေခဲတောင်အောက်ခြေကြောင့်ဖြစ်တယ်။ဒီလောက်တောင် ကြီးမားတဲ့ သင်္ဘာကြီး တစ်စင်းကိုတောင် နှစ်မြုပ်အောင်လုပ်နိုင်တာ မသိစိတ်ရဲ့ စွမ်းအားဘယ်လောက်ကြီးတယ်ဆိုတာရိပ်မိ ကြမှာပါ။

သိစိတ်ရဲ့ စွမ်းအားဟာ ရာခိုင်နှုန်းနဲ့ပြောရရင် ၁၀ရာခိုင်းနှုန်းလောက်ပဲရှိပြီး ၉၀ရာခိုင်နှုန်းကတော့ မသိစိတ်ပါ။ သိစိတ်ကို ကျွန်တော်တို့ Creative Mind လို့ခေါ်လို့ရပြီး မသိစိတ်ကိုတော့ Habit Mind, Program Mind လို့ခေါ်လို့ရတယ်။ ကျွန်တော်တို့ရဲ့ သိစိတ်က လေ့လာသင်ယူခြင်းတွေ စာဖတ်ခြင်းတွေ စဥ်းစားတွေးခေါ်ခြင်းတွေကို အဓိကလုပ်ဆောင်တယ်။

ကျွန်တော် ဒီ​နေ့ အဓိကပြောချင်တာက မသိစိတ်လို့ခေါ်တဲ့ Subconscious Mind အကြောင်းကို ပြောပြချင်တာ။ ကျွန်တော်တို့ ဦးနှောက်ကို Computer တစ်လုံးလိုသတ်မှတ်လိုက်ပြီး အဲ့ Computer အခွံကြီး အလုပ်လုပ်ဖို့အတွက်ဆို program ရေးဖို့လိုတယ်။ အဲ့ program mind ကတော့ ကျွန်တော်တို့ရဲ့ မသိစိတ်ပေါ့။ ကျွန်တော်တို့တွေကို သဘာဝတရားကြီးက အရမ်းကို အစွမ်းထက်တဲ့ အသစ်စက်စက် ဦးနှောက်တစ်လုံးကို ကျွန်​တော်တို့ လူ့ဘဝထဲမှာ အသုံးချဖို့ တစ်ခါတည်းထည့်ပေးလိုက်ပြီးသား။ ဉာဏ်မပါတဲ့ ဦးနှောက်ပဲနော်။ ဒီတိုင်း အခွံကြီးပဲပေးလိုက်တာ။ ကျွန်တော်တို့တွေက ဒီဦးနှောက်ထဲ ကို ဘယ်လို program ရေးမလဲဆိုတာ ကျွန်တော်တို့နဲ့ ဆိုင်သွားပြီ။

ဘာ Program မှမထည့်ထားတဲ့ Computer တစ်လုံးဆို ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး။ ဒါကြောင့် ​မွေးပြီးခါစအချိန်က အသက် ၇ နှစ်ထိ ဦးနှောက်ထဲမှာ program ကိုစရေးရတယ်။ ဘာတစ်ခုမှမသိသေးတဲ့ ကလေးတွေအတွက် ပတ်ဝန်းကျင်မှာ အရာ အားလုံးက သင်ယူစရာတွေကြီးပဲ။ သူတို့မှာ ကောင်းတယ် ဆိုးတယ်ဆိုတဲ့ ဝေဖန် ပိုင်းခြားနိုင်စွမ်းမရှိကြဘူး။ ဆဲတဲ့ မိဘတွေကြားမှာ ကြီးပြင်တဲ့ကလေး ဆဲတက်တာက သူ့ဦးနှောက်ထဲမှာ ဆဲတက်တဲ့ program ထည့်ထားလို့ ဖြစ်တယ်။ အရာရာကို အကောင်းမြင်ပြီး စိတ်သဘောထားပြည့်ဝတဲ့ သူဟာလဲ ငယ်ငယ်​ကကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာ ထည့်ခဲ့တဲ့ program ကြောင့်ပဲဖြစ်တယ်။ဒါကြောင့် ကိုယ်ငယ်ငယ်က ကိုယ့်ဦးနှောက်ထဲမှာ ရေးခဲ့တဲ့ program တွေဟာ ကြာလာတော့ habit တွေဖြစ်လာတယ်။ အဲ့ habit တွေကို ထပ်တလဲလဲလုပ်ရင်းနဲ့ အမူအကျင့် တစ်ခုဟာ စွဲစွဲမြဲဲမြဲ ဖြစ်လာတယ်။ ဒါဆိုအသက်ကြီးလာရင်ရော program ပြန်ရေးလို့မရတော့ဘူးလာဆိုတော့ ရေးလို့ရပါတယ်။နောက်နေ့မှာ ဦးနှောက်ကြီးတစ်ခုလုံးကို reprogram ပြန်လုပ်မလဲဆိုတာ တင်ပေးသွားပါမယ်။ တခါတလေ မလုပ်နိုင်ဘူးလို့ထင်တဲ့အရာတော်တော်များများက သိစိတ်ကနေ ကန့်သတ်နေတာပါ။ မလုပ်နိုင်ပါဘူး မသွားနိုင်ပါဘူး အစားနိုင်ပါဘူး စသဖြင့်ပေါ့။

ကျွန်တော်ခုနကပြောခဲ့သလိုပဲ Titanic သင်္ဘာကြီးနစ်မြုပ်တာဟာ အပေါ်ယံရေခဲတောင် သေးသေးလေးကြောင့် မဟုတ်ပဲ အောက်မှာ ရှိတဲ့ ရေခဲတောင်အောက်ခြေကြောင့် ဖြစ်တယ်။ ဒီလောက်တောင် အားကောင်းတဲ့Subconscious mind ကိုသာ ထိန်းချုပ်နိုင်ပြီဆို အရင်ကမဖြစ်နိုင်ဘူး မလုပ်နိုင်ဘူးဆိုတဲ့ အရာတွေတော်တော်များများကို လုပ်နိုင်မှာပါ။ အရာဝထ္ထုတွေ လေပေါ်ပျံအောင်လုပ်တာတို့၊ တချို့ အရမ်းကို သမာဓိအားကောင်းတဲ့ ဇင်ဘုန်းတော်ကြီးတွေ တရားထိုင်နေရင်း လေပေါ်မှာပျံနေတာတို့၊ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ အရာတွေမြင်ရတာတို့၊ သဘာဝလွန် စိတ်စွမ်းအားတွေရလာတာတို့ဟာ Subconscious Mind အရမ်းအားကောင်းလာလို့ဖြစ်လာတာပါ။Subconscious mind အားကောင်းအောင် တရားထိုင်လို့ရပါတယ်။ နောက်တစ်ချက် Subconscious mind အရမ်းအားကောင်းလာရင် Self Healing လို့ခေါ်တဲ့ ကိုယ်ကိုယ်တိုင် ဆေးပြန်ကုလို့ရပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ကြားဖူးမှာပါ ဆရာဝန်ကတောင် လက်လျော့လိုက်ရတဲ့ ကင်ဆာ ရောဂါဝေဒနာသည်တွေ ဒေါင်ဒေါင်မည် ပြန်ကျန်းမာလာတာတို့ ဆိုတာMindfulness Meditation လုပ်ပြီးတော့ self healing ပြန်လုပ်လိုက်တာပါ။ ဒါဆို Subconscious mind အကြောင်းကို သိပြီဆိုတော့ ဦးနှောက်ကို reprogram ဘယ်လိုပြန်လုပ်ရမလဲဆိုတာ နောက်နေ့တင်ပေးသွားပါမယ်။

မသိစိတ်ရဲ့ စွမ်းအား

Nyan Htet

တိမ်​မြုပ်နေတဲ့ ဦးနှောက်စွမ်းပကားကို လှုပ်နှိုးလိုက်ပါ။

သုတ

openmoreonline

Nyan Htet faceboook account မှ ကူးယူရေးသားဖော်ပြပါသည်

Related Posts