မဖြစ်သင့်တဲ့လောကဖြစ်စဉ်တစ်ခု

မဖြစ်သင့်တဲ့ လောကဖြစ်စဉ်တစ်ခု

မိဘတိုင်းဟာ သူတို့သားသမီးတွေကိုကြီးလာရင် ဆင်းဆင်းရဲရဲမနေစေချင်ကြပါဘူး။ ဒါကြောင့်ငယ်ရွယ်စဉ်မှာ ပညာကိုကြိုးစားသင်ယူကြဖို့ တဖွဖွပြောပြတယ်၊ တိုက်တွန်းကြတယ်။ မိမိမစားရရင်နေပလေ့စေ သူတို့လေးတွေပညာသင်ဖို့ပိုက်ဆံစုကြတယ်။ ပညာတတ်မှ လူ့လောကအလယ်မှာ တင့်တင့်တယ်တယ်နေနိုင်မယ်။ မိဘတွေက ကိုယ့်သားသမီးတွေ သူတို့ခြေထောက်ပေါ်သူတို့ ရပ်တည်နိုင်တာမြင်ပြီးမှ အသေဖြောင့်မှာကိုး။

ဒါပေမယ့် သားသမီးအများစုဟာ မိဘစကားကို နားမထောင်ကြပါဘူး။ ပညာကို ကြိုးစားမသင်ကြပဲ အပျော်အပါးဘက်ကို ပိုအားသန်ကြတယ်။ ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး ပညာသင်ရမယ့်အချိန်တွေကို ဖြုန်းတီးလိုက်ကြတယ်။ မိဘပြောတဲ့စကားကိုလည်းအလေးထား နားမထောင်ကြဘူး။ သူတို့လေးတွေကြီးလာတော့ ပညာမတတ်ကြလို့ ဆင်းဆင်းရဲရဲ အလုပ်လုပ်ကိုင် အသက်မွေးကြရပြန်တယ်။ 

ဟော..အခု သူတို့လေးတွေမိဘဖြစ်လာကြပြန်ပြီ။ သူတို့ သားသမီးတွေကိုဆုံးမကြပြန်ပြီ။ ငါတို့လို ဆင်းဆင်းရဲရဲမဖြစ်အောင် ပညာကိုကြိုးစားသင်ကြပါတဲ့။ 

ဒီဖြစ်စဉ်( cycle) ဟာ ဟိုးအရင်ကတည်းကရှိနေသလို နောင်လည်းဖြစ်နေဦးမှာပါ။ အဲဒီဖြစ်စဉ်ဟာ ဒီလောကကြီးကနေ ဘယ်တော့မှ ပျောက်ကွယ်သွားပါ့မလဲ။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts