မင်းက သေမယ့်ကောင်

မင်းက သေမယ့်ကောင်” လို့ အပြောခံရရင် ကြောက်စရာ မကျေနပ်စရာ လုံးဝမရှိပါဘူး။ ဘာလို့ဆို လူအပါအဝင် သက်ရှိသတ္တဝါတိုင်းဟာ တစ်နေ့ သေရမှာ အနှေးနဲ့အမြန်ပဲ ကွာပါတယ်။

“မင်းက ငရဲကျမယ့်ကောင်” လို့ အပြောခံရရင်လည်း ကြောက်စရာ ထိတ်လန့်စရာ စိုးရိမ်စရာ လုံးဝမရှိပါဘူး။ ဘာလို့ဆို ငရဲဆိုတာ မကောင်းမှုတွေ အပြစ်တွေပြုလုပ်ထားမှ ကျရောက်နိုင်တာဖြစ်ပြီး သင်ပြုလုပ်ထားတဲ့ မကောင်းမှု အညစ်အကြေးတွေကို (ညစ်ပတ်နေတဲ့ အဝတ်အစားတွေ လျှော်ဖွတ်ပေးလိုက်သလို) သန့်ရှင်းစင်ကြယ်သွားအောင် ပြုလုပ်ပေးမယ့်နေရာပါ။

မကောင်းမှု အကုသိုလ် အပြစ်တွေ ပြုလုပ်မိမှာကို ကြောက်ပါ. . . မကောင်းမှု အကုသိုလ် အပြစ်တွေ ပြုလုပ်ထားပြီးမှ ငရဲကျမှာကို မကြောက်ပါနဲ့။ “ငရဲဆိုတာ မကောင်းမှု အကုသိုလ် အပြစ်တွေကို သန့်ရှင်းစင်ကြယ်သွားအောင် ပြုလုပ်ပေးတဲ့နေရာပါ။”

ဆရာကြီးမင်းသိင်္ခ ၏ စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြပါသည်။

OpenYourBusinessOnline

Related Posts