ရည်မှန်းချက်တွေ အောင်မြင်ဖို့ မှန်ကန်တဲ့ အကောင်းမြင်စိတ်ဓာတ်က ထိပ်ဆုံးစာရင်းမှာ ရှိပါတယ်။ အောင်မြင်ရေးစိတ်ဓာတ် ရှိဖို့လိုသလို ကိုယ့်ပတ်ဝန်းကျင်မှာလည်း အောင်မြင်ရေး စိတ်ဓာတ်ရှိသူတွေနဲ့ ဝိုင်းရံထားဖို့ လိုပါတယ်။ မဖြစ်နိုင်ပါဘူး၊ ဖြစ်နိုင်မယ်မထင်ပါဘူးဆိုတဲ့ အတွေးတွေကို ခေါင်းထဲက ထုတ်ပစ်ပါ။ အောင်မြင်ရေးစိတ်ဓာတ်ရှိနေရင် အခြေအနေတွေက ဆိုးနေရင်တောင် အတွေ့အကြုံရတယ်၊ ရအောင် ဖြေရှင်းမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ကျော်ဖြတ်နိုင်ပါတယ်။
ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိနေတာကို “တစ်ဝက်က ရေမရှိဘူး”လို့ ပြောမယ့်အစား အောင်မြင်ရေးစိတ်ဓာတ်ရှိသူက “ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပြည့်နေတယ်” လို့ပြောတာ စာဖတ်သူ ကြားဖူးမှာပါ။ အောင်မြင်ရေးစိတ်ဓာတ်ရှိသူတွေက ဘယ်လို အခက်အခဲပဲကြုံကြုံ စိတ်ဓာတ်မကျဘဲ ဖြေရှင်းနိုင်သူတွေဖြစ်လို့ အောင်မြင်ဖို့ အခွင့်အရေး များပါတယ်။
ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။