ဘောလုံး အစားထိုးခြင်း၊ ဘောလုံး မှားရိုက်ခြင်း (ဂေါက်သီး စည်းမျဉ်းများ အပိုင်း-၁၅)

Rule 15-1. General စည်းမျဉ်း ၁၅-၁ သတ်မှတ်ချက် 
ကစားသူ၏ ဘောလုံး သည် အိုဘီကျခြင်း၊ ပျောက်ဆုံးသွားခြင်း (သို့မဟုတ်) ဘောလုံးအစားထိုးခြင်း(စည်းမျဉ်းနှင့်အညီ အစားထိုးခြင်း ဖြစ်စေ၊ မဖြစ်စေ စည်းမျဉ်း 15-2 ) မှလွဲ၍ တီခုံမှစတင်ရိုက်ခဲ့သော ဘောလုံးကို ကျင်းအတွင်းသို့ ဝင်အောင် ရိုက်ရမည်။ ဘောလုံးမှားရိုက်ခြင်းအတွက် စည်းမျဉ်း 15-3 ကိုဖတ်ရှုရန်။ 

Rule 15-2. Substituted Ball စည်းမျဉ်း ၁၅-၂ ကျင်းကစားနေသော ဘောလုံးအား အစားထိုးခြင်း
ကစားသူသည် ကျင်းကစားနေစဉ်အတွင်း မိမိကစားနေသော ဘောလုံးကို အခြားဘောလုံးဖြင့်စည်းမျဉ်းအရ အစားထိုးခွင့်ပြုပါက ဒရော့ (သို့မဟုတ်) ချထား၍ အစားထိုးပြီး ဆက်လက်ကစားခွင့် ရှိသည်။ ထိုသို့အစားထိုးလိုက်သော ဘောလုံးသည် ကျင်းကစားနေသော ဘောလုံး (ဘောအင်ပလေး) ဖြစ်လာသည်။ စည်းမျဉ်းအရ အစားထိုးခွင့်မရှိဘဲ ကျင်းကစားနေသောဘောလုံးကို အခြားဘောလုံး တစ်လုံးဖြင့်မှား၍ အစားထိုးလိုက်ပါက (ဘောလုံးအမှားကို မရည်ရွယ်ဘဲကစားသူကဒရော့ (သို့) နေရာချလိုက်ခြင်းအပါအဝင်) မှား၍ အစားထိုးလိုက်သော ဘောလုံးသည် ကျင်းကစားနေသောဘောလုံး (ဘောအင်ပလေး) ဖြစ်လာသည်။ ဘောလုံးမှားမဟုတ်ပါ။ သို့သော် ထိုသို့မှား၍ အစားထိုးခဲ့သော ဘောလုံး ကို မရိုက်ရသေးလျှင် စည်းမျဉ်း 20-6 အရ မိမိ၏မူလဘောလုံးနှင့် ပြန်လည်၍လဲလှယ်နိူင်သည်။ မှား၍အစားထိုးထားသော ဘောလုံးကိုရိုက်ခဲ့လျှင် ကျင်းပြတ်ကစားခြင်းတွင် ကျင်းရှုံး၊ အချက်ရေကစားနည်းတွင် ပြစ်ဒဏ် ၂ ချက် ပေးရသည်။ အချက်ရေကစားခြင်းတွင် မှား၍အစားထိုးသော ဘောလုံး ကို ရိုက်ပြီးပါက ထိုဘောလုံးဖြင့် ကျင်းပြီးဆုံးအောင် ဆက်၍ရိုက်ရမည်။ 

Exception : ခြွင်းချက် – အကယ်၍ အခြားဘောလုံးကို အစားထိုးခွင့်မရှိဘဲ မှား၍အစားထိုးပြီးနောက် နေရာမှားမှ ကစားခဲ့ပါက အစားထိုးခြင်းအတွက် သီးခြားပြစ်ဒဏ်မပေးရပါ။ (နေရာမှားမှ ကစားခဲ့ခြင်းအတွက်စည်းမျဉ်း 20-7 ကိုဖတ်ရှုရန်) 

Rule 15-3. Wrong Ball စည်းမျဉ်း ၁၅-၃ ဘောလုံးမှားရိုက်ခြင်း
a. Match Play ကျင်းပြတ်ကစားခြင်းအတွက်                                                                                                                ကျင်းပြတ် ကစားခြင်းတွင် ကျင်းကစားနေသော ဘောလုံးမဟုတ်ဘဲ အခြားဘောလုံး တစ်လုံးကို မှား၍ ရိုက်မိပါက ကျင်းရှုံးပြစ်ဒဏ် ပေးရသည်။ မှား၍ရိုက်မိသော ဘောလုံးသည် မိမိ၏ ကစားဘက်တစ်ဦး၏ ဘောလုံး ဖြစ်ပါက ပိုင်ရှင်သည် မူလဘောလုံး ရှိသောနေရာတွင် အခြားဘောလုံးကိုချ၍ ဆက်ကစားနိူင်သည်။ အကယ်၍ မိမိ၏ဘောလုံးနှင့် ပြိုင်ဘက်၏ ဘောလုံးကစားနေစဉ် အတွင်း နှစ်ဦးစလုံးမှား၍ ရိုက်မိပါက ပထမဦးစွာ ဘောလုံး အမှားကို ရိုက်သူက ကျင်းရှုံးပြစ်ဒဏ် ပေးရသည်။ အကယ်၍ မိမိနှင့် ပြိုင်ဘက်ဘောလုံးမှားရိုက်မိခြင်းကို မည်သူအရင်ရိုက်ခဲ့ကြောင်း မဆုံးဖြတ်နိူင်ပါက ထိုမှားရိုက်ခဲ့သော အတိုင်း ဆက်လက် ကစားရမည်။ 

Exception : ခြွင်းချက် – ဝါဟာတဲဇတ် WH အတွင်းရှိ ရေထဲတွင်ရွေ့လျားနေသော ဘောလုံးမှားအား ရိုက်မိပါက ပြစ်ဒဏ် မပေးရပါ။ WH အတွင်းမှ ဘောလုံးမှားကိုရိုက်သော ရိုက်ချက် များကို ကစားသူ၏ရိုက်ချက်တွင် ထည့်မပေါင်းရပါ။ ဘောလုံး အမှန်ကိုရှာ၍ရိုက်ရန် (သို့မဟုတ်) စည်းမျဉ်းအတိုင်း ဆောင်ရွက်ရန် ဖြစ်သည်။ (ဘောလုံးကိုလက်ဖြင့်နေရာချခြင်း ပလေ့(စ) နှင့် နောက်တစ်ကြိမ် ထပ်နေရာချခြင်း ရီပလေ့(စ) အတွက် စည်းမျဉ်း 20-3 ကိုဖတ်ရှုရန်)။

b. Stroke Play အချက်ရေကစားခြင်းအတွက် 
ကျင်းကစားနေသောဘောလုံးမဟုတ်ဘဲ အခြား ဘောလုံးတစ်လုံးအား မှား၍ တစ်ချက် (သို့မဟုတ်) တစ်ချက်ထက်ပို၍ ရိုက်မိပါက ဘောမှားရိုက်ခြင်းဖြစ်၍ ပြစ်ဒဏ်၂ချက် ပေးရသည်။ ထိုသို့ဘောလုံးမှားခြင်းအတွက် မဖြစ်မနေအမှားပြင်ရမည်။ နောက်တစ်ကျင်း တီခုံမှမကစားမီ (သို့မဟုတ်) နောက်ဆုံးကျင်းဖြစ်ပါက ကစားသူဂရင်းပေါ်မှ မထွက်ခွာမီကြေညာ၍ အမှားပြင်ရမည်။ ထိုသို့မလုပ်ခဲ့ပါက DQ ဖြစ်သည်။ ဘောလုံးမှားရိုက်ခြင်းအတွက် ပြစ်ဒဏ်(၂)ချက်မှလွဲ၍ ဘောလုံးအမှားကိုရိုက်သော အချက်များအား ကစားသူ၏ အချက်ရေတွင် ထည့်မပေါင်းရပါ။ မှား၍ရိုက်သောဘောလုံးသည် မိမိ၏ ကစားဖော်၏ ဘောလုံးဖြစ်ပါက ကစားဖော်သည် ထိုမှားရိုက်ခဲ့သော နေရာတွင် နောက်ဘောလုံးတစ်လုံးကိုချ၍ အစားထိုးပြီး ဆက်ကစားနိူင်သည်။ 

Exception – ခြွင်းချက် – ဝါတာဟဲဇတ် WH အတွင်းရှိ ရေထဲတွင်ရွေ့လျားနေသော ဘောလုံးမှားကို ရိုက်မိပါက ပြစ်ဒဏ် မပေးရပါ။ WH အတွင်းမှ ဘောလုံးမှားအားရိုက်သော ရိုက်ချက် များကို ကစားသူ၏ ရိုက်ချက်တွင် ထည့်မပေါင်းရပါ။ ဘောလုံး အမှန်အား ရှာ၍ရိုက်ရန် (သို့မဟုတ်) စည်းမျဉ်းအတိုင်း ဆောင်ရွက်ရန် ဖြစ်သည်။ (ဘောလုံးကိုလက်ဖြင့်နေရာချခြင်း ပလေ့(စ) နှင့် နောက်တစ်ကြိမ်ထပ်နေရာချခြင်း ရီပလေ့(စ) အတွက် စည်းမျဉ်း 20-3 ကိုဖတ်ရှုရန်)။ 

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts