ဘဝနေနည်း

ဘဝနေနည်း နည်းလမ်း(၅)ချက်

(၁) ဘယ်တော့မှ ပိုက်ဆံမချေးပါနဲ့။
ဆောင်ပုဒ်လေးတစ်ခု ရှိတယ် “တောင်းမှပေးတာ လူမိုက် ၊ မတောင်းဘဲပေးတာ လူလိမ္မာ ၊တောင်းလည်းမပေးတာ လူယုတ်မာ” ဒါကြောင့် ပြင်ပဘေးသူစိမ်းတွေနဲ့ မယုံကြည်ရတဲ့ သူတွေကို တတ်နိုင်သမျှ ပိုက်ဆံမချေးပါနဲ့။ ငွေကြေးဥစ္စာဟာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ချေးငှားကြသူတိုင်းဟာ ပြန်လိုချင်ကြစမြဲပါ။ ပြန်မဆပ်ခဲ့ဘူးဆိုရင် ရင်ထဲမှာ အစိုင်အခဲလေးတည်နေတတ်ပါတယ်။ ကိုယ်တကယ်ချစ်တဲ့သူတွေ အတွက်ဆိုရင် ရက်ရက်ရောရော ပေးကမ်းကူညီပေးလိုက်ပါ။

(၂) လိုအပ်လျှင် အဆင့်သင့်ဖြစ်အောင် ပိုက်ဆံပုံမှန်စုပါ။
ကျွန်တော်တို့ဟာ ဘယ်အချိန်မှာ ဆင်းရဲဒုက္ခတွေကြုံရမလဲ၊ ဘယ်အချိန်မှာ အနာတရဖြစ်မလဲဆိုတာ ကြိုပြီးမသိနိုင်ပါဘူး။ ဒီလို အနေအထားမျိုးတွေ တကယ်ဖြစ်လာခဲ့ရင် အခက်အခဲတွေကို တစ်ဖက်တစ်လှမ်းမှ ဖြေရှင်းဖို့ ပိုက်ဆံစုပါ။

(၃) ကိုယ့်ဘဝကို မလိုအပ်တဲ့သူတွေ အတွက် အချိန်ကုန်မခံပါနဲ့။
ကိုယ့်ကို ငြင်းပယ်ခဲ့ဖူးတဲ့သူတွေ၊ လိုအပ်မှ ကိုယ့်ကို တမ်းတမ်းတတ ဖြစ်တတ်ကြသူတွေ အတွက် လုံးဝ အချိန်ကုန်မခံပါနဲ့။ တစ်ချို့တွေတော့ ရှိတယ် “ငါက သူ့အတွက် အမြဲတမ်း ပေးဆပ်ဖို့ အဆင်သင့်ပဲ”တဲ့။ ဒါဟာ သေချာတွေးကြည့်ရင် စိတ္တဇဝေဒနာသည် တစ်ယောက်ရဲ့အတွေးပါ၊ ချီးကျူးထိုက်ဖို့ နေနေသာသာ လုံးဝ ဂုဏ်ယူစရာမကောင်းတဲ့ လုပ်ရပ်မျိုးပါပဲ။ ကိုယ့်ကို မလိုအပ်တဲ့သူတွေ အတွက် အပင်ပန်းခံနေမဲ့အစား ပရဟိတ လုပ်ငန်းတွေမှာ အချိန်ကုန်ခံလိုက်ပါ။

(၄) ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို ပြတ်ပြတ်သားသား ဆက်ဆံတတ်ပါစေ။
ကိုယ်ကောင်းသလောက် ကိုယ့်အပေါ် မကြာခဏ လူလည်ကြတတ်သူတွေကို တလေးတစား ဆက်ဆံနေဖို့ လုံးဝမလိုအပ်ပါဘူး။ ဒီလိုလူမျိုးတွေဟာ သူတို့ အနိုင်ယူဖူးတဲ့ သူအပေါ် နောက်တစ်ကြိမ် ယုတ်မာဖို့ ဘယ်တော့မှ ဝန်လေးနေမှာ မဟုတ်ပါဘူး။ သူကပြုံးရင် ကိုယ်ကပြန်ပြုံးပြလိုက်ပါ။ သူကမဲ့ရင် ကိုယ်ကပြန်မဲ့ပြလိုက်ပါ။ သူကမီးလိုကျင့်ရင် ကိုယ်ကမီးလို ပူလောင်ပြလိုက်ပါ။ သူကရေလိုကျင့်ရင် ကိုယ်ကရေလို အေးချမ်းပြလိုက်ပါ။

(၅) စိတ်တူကိုယ်တူ အသိမိတ်ဆွေများနှင့် စကာများများပြောပါ။
သင့်ကိုလေးစားတဲ့သူ၊ သင်ကလည်း လေးစားတဲ့သူများနှင့် မကြာခဏ စကားပြောပါ။
ဒီလိုစကားပြောခြင်းဖြင့် စိတ်ချမ်းသာမှုကို ရစေပြီး အချိန်ကုန်မှန်းမသိ ကုန်နေတာကို သတိမထားမိအောင် ကြည်နူးစရာကောင်းနေပါလိမ့်မယ်။
နောက်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်၊ လက်ရှိအခြေအနေ၊ အနာဂတ်အလားအလာ စတာတွေအတွက် သင့်ရဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်သူများကသာ အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါလိမ့်မယ်။ ဆိုလိုတာက သင်က ဘာသာရေးသမားဆိုရင် အရက်သမားတွေနဲ့ စကားပြောလို့အဆင်ပြေမှာ မဟုတ်ပါဘူး။

မူလရေးသားသူအား မူပိုင်ခွင့်ပေးပါသည်။
Parami Online Class ၏ Facebook post မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenYourBusinessOnline

Related Posts