ဘဝနေနည်း

ဘဝနေနည်း ( ၁၅ ) မျိုး

(၁) မလိမ်ပါနဲ့။

လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ဒါကြောင့် တစ်ဖက်သားကို လေးစားမှုပြသောအားဖြင့် လူပီသစွာ မလိမ်ညာပါနဲ့။ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။

(၂) လှည့်စား၊ သစ္စာမဖာက်ပါနဲ့။

အဆိုးရွားဆုံးလုပ်ရပ် ဖြစ်တယ်။ လူတစ်ယောက်ရဲ့ ဘဝကို ရှင်လျက်နှင့် အသေသတ်သလို ဖြစ်တတ်တယ်။

(၃) မမုန်းပါနဲ့။

ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။ ချစ်ပါ။ မိမိကိုယ်ကိုယ်နှင့် တစ်ဖက်သားကို ချစ်ပါ။

(၄) စိတ်မပူပါနဲ့။

ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျိုးဖြစ်တယ်။ အကောင်းမြင်တတ်အောင် ကြိုးစားပါ။
လောကမှာ ရှိတဲ့ ပြဿနာတွေ၊ ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။ ပြဿနာအစိတ်အပိုင်းလေး တစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။

(၅) အမြင့်ဆုံးမှန်းပါ။

ခေါင်းလောက်မှန်းမှ ဒူးလောက် ရောက်တတ်တယ်။ အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ ဒါဟာ ရှင်သန်ခြင်းအရသာ တစ်မျိုးပဲ။

(၆) အနည်းငယ်သာ မျှော်လင့်ပါ။

ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာရင် ကိုယ်ပဲ နာကျင်တတ်တယ်။ ပြီးတော့ တစ်ဖက်သားကိုလည်း မျှော်လင့်ချက်တွေပေးပြီး ပြန်မရုတ်သိမ်းပါနဲ့။

(၇) ရိုးရှင်းစွာ ရှင်သန်ပါ။

တန်ဖိုးကြီး နာရီဝတ် ၊ ကားစီးနိုင်မှ လူရာဝင်တာမဟုတ်ဘူး။ ရထားတဲ့ ဘဝကို ပျော်ပျော်နေ၊ ကျေးဇူးတင်တတ်ပါစေ။

(၈) ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာပါ။

ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထားပါ။

(၉) များများပေးကမ်းပါ။

ဒါဟာ လူ့ကျင့်ဝတ်တစ်မျိုးဖြစ်တယ်။ ခင်မင်ရင်နှီးမှုများစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။

(၁၀) အမြဲတမ်းပြုံးပါ။

ဒါဟာ ပတ်ဝန်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။

(၁၁) လက်မလျှော့ပါနဲ့။

ဆင်ခြေမပေးပါနဲ့။ မတွေးနဲ့။ လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေဖြစ်တယ်။
ကိုယ်စတဲ့ခရီးကို အဆုံးထိသွားနိုင်အောင် ကြိုးစားပါ။ ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။

(၁၂) လက်လွှတ်တတ်ပါစေ။

ဖူးစာအမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကိုတွေ့မှာမဟုတ်ဘူး။

(၁၃) အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ။

လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘဝကို နှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာ နောက်တစ်ကြိမ် ဒီလိုလုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။

(၁၄) ဝေဖန်ခြင်းကို လက်ခံတတ်ပါ။

တစ်ဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။ သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတလေ အမှားကို ထောက်ပြတတ်တယ်။

(၁၅) အချိန်ကို နေရာပေးပါ၊ သို့သော် မစောင့်ပါနဲ့။

အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။ ဘဝနေနည်း များတွင် အဓိကအချက်မှာ တွေးနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာပို ပီပြင်လာပါလိမ့်မယ်။

အထက်ပါ ဘဝနေနည်း (၁၅) ချက်အား လိုက်နာကျင့်သုံးခြင်းအားဖြင့် ပျော်ရွှင်ချမ်းမြေ့သော ဘဝလေးကို ပိုင်ဆိုင်ကြပါစေ။

Credit- original writer

အတွေးအခေါ်စာစုလေးများမှ ကောက်နှုတ်ထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

Related Posts