စိတ်ရဲ့ ငြိမ်သက်ခြင်း

စိတ်ရဲ့ ငြိမ်သက်ခြင်း

တဖြေးဖြေး အသက်ကြီးလာတော့ တစ်ကိုယ်ရည်ဘဝရဲ့ အရသာဟာ ပိုပေါ်လာတယ် …
ဘဝမှာနေရတာ ကြာလေလေ အဖော်ဆိုတာထက် မိတ်ကောင်းဆွေကောင်းကိုသာ ပိုလိုချင်မိလေပါပဲ …

အိုမင်းမစွမ်း ဖြစ်ရမှာ မကြောက်မိပါဘူး …
မိတ်ကောင်းဆွေကောင်းနဲ့အတူ မအိုရမှာကို ပိုကြောက်မိတယ် …
ဘဝမှာ ငါ ဘယ်လောက်များများ ပျော်သွားသလဲလို့ မမေးပါဘူး …
လောကကြီးကို ကိုယ်ပေးနိုင်သလောက် ပြန်ပေးပြီး အိုမင်းတဲ့ဘဝလေးကို ညင်ညင်သာသာလေး နေသွားချင်တာပါ …

ပြီးတော့ ဘယ်သူမှ မသိခင် တိတ်တိတ်လေးသာ ထွက်ခွာသွားချင်တာပါ …
မသေခင် နေရအုံးမယ့် အချိန်လေးတွေမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် စကားပြောတတ်ပြီး …
ကိုယ်ဟန်မူရာ ငြိမ်းချမ်းသူနဲ့ စကားလက်ဆုံကျချင်တယ် …

တိုးတိုးဖွဖွ မေးမြန်းတတ်လို့ အသံမမြည်အောင် နေတတ်သူနဲ့ အတူနေချင်တယ် …
သာသာယာယာ စာဖတ်ပြပြီး ဉာဏ်ပါပါ ရယ်မောတတ်သူနဲ့ အိုမင်းချင်တယ် …
လုပ်စရာရှိတာ မညည်းမညူလုပ်လို့ မငြူမစူ နေတတ်သူရဲ့ ပြုစုမှုကို လိုချင်တယ် …

လဲကျသွားရင် ဖေးမထူလို့ သိမ်ငယ်သွားအောင် မပြောတဲ့သူ အနားမှာ ရှိစေချင်တယ် …
ကိုယ့်ကိုယ်တွင်းမှာ ကိုယ့်ကွန်းခိုရာ ရှာတွေ့ပြီး ကိုယ့်ကိုယ်ကိုယ်ထက် သာလွန်တဲ့
တစ်စုံတစ်ရာ ဖန်တီးရေး …

ဘဝတစ်ခုလုံး ပုံပေးထားတဲ့သူနဲ့ အကျွမ်းတဝင် ရှိချင်တယ် …
ငါမျှော်မှန်းမိတာ ဒါလောက်ပါပဲ … ဒါလောက်ကလေးပါပဲ …

ဆရာမထက်ထက်ထွန်း ရေးသားသော “စိတ်ရဲ့ ငြိမ်သက်ခြင်း” စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။

Related Posts